May 2024

ဂျိုင်းမြစ်ဒေသခံတွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီစည်းရုံးပြီးနောက် မြေပြင်မှာဘာဖြစ်နေလဲ

ကျိုက်မရော၊ မေ ၂ နေရပ်စွန့်ခွာနေကြတဲ့ မွန်နဲ့ ကရင်ပြည်နယ်နယ်စပ် ရမ္မာဝတီကားလမ်း‌ပေါ်ရှိ ဂျိုင်းမြစ်ဒေသခံတွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီစည်းရုံးပြီးနောက် အခုချိန်ထိ စစ်ရှောင်ပြည်သူတွေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီတတိယပတ်အတွင်း ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် ဧပြီ ၂၇ ရက်နေ့ကစပြီး နေရပ်စွန့်ခွာပြည်သူတွေ မိမိရပ်ရွာမှာ ပြန်လည်နေထိုင်ဖို့ စစ်ကောင်စီက…

ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ဘီးလင်း၊ မေ ၂ မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာနဲ့မဲပလီကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအ တွင်း နှစ်ဖက်ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ နတ်ကြီးအခြေစိုက်စခန်းကနေ အင်အား ၄၀ ဝန်းကျင်နဲ့ မဲပလီစခန်းဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို…

မုပ္ပလင်စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

ကျိုက်ထို၊ မေ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၃၀ ကျော် တပ်စွဲ‌နေထိုင်‌နေတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က လက်နက်ကြီးအပြင် ဒရုန်း‌တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…

မြန်မာနယ်စပ်ကို အာသံရိုင်ဖယ်အဖွဲ့ စီးနင်း၊ စစ်သုံးလက်နက်ကြီးတွေ ဖမ်းမိ

နယူးဒေလီ၊ မေ ၂ အိန္ဒိယ-မြန်မာ နယ်စပ်အနီး နာဂလန်းပြည်နယ် မွန်ဒေသမှာ လက်နက်ခဲယမ်း အများအပြား သိမ်း ဆည်းထားတဲ့ နေရာတွေကို အာသံရိုင်ဖယ်အဖွဲ့က ဧပြီ ၃၀ ရက်နေ့မှာ စီးနင်းခဲ့ပါတယ်။ ထောက်လှမ်းရေးသတင်းကို အခြေခံပြီး အာသံရိုင်ဖယ်အဖွဲ့က အဲဒီနေ့နံနက်စောစောပိုင်းမှာ စီးနင်းရှာဖွေစဉ် အမျိုးသားတစ်ဦးနဲ့ ၈၁ မမ မော်တာပြောင်း ၁၁ခုကို သိမ်းဆည်းရမိခဲ့ပါတယ်။ ထပ်ပြီးရှာဖွေရာမှာ ၁၀၆…

သံအမတ်ဟောင်းမာရစ်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိုင်းဘုရင်အတည်ပြု

ဘန်ကောက်၊ မေ ၂ အငြိမ်းစားသံအမတ် မာရစ်ဆန်ဂီယမ်ပွန်ဆာကို ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိုင်းဘု ရင်က လက်ခံအတည်ပြုလိုက်ကြောင်း တော်ဝင်သတင်းစာက မေ ၁ ရက်‌နေ့မှာ ဖော်ပြပါတယ်။ သြစတြေးလျနဲ့ ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာရစ် ၆၅ နှစ်ဟာ ရာထူးက နုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီရဲ့ အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ ပမ်ပရီဟာ ဝန်ကြီးများအဖွဲ့…