အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”မလေးရှားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG/ PDF ထံ ငွေကြေးထောက်ပံ့နေတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားရဲက ဖမ်းဆီးနေကြောင်း” စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဘော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မေ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မေ ၂၃ ရက်နေ့မှာ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့မှာ တစ်ရက်တည်း မြန်မာနိုင်ငံသားတွေအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားနိုင်ငံရောက် အလုပ်သမားအရေးကူညီနေသူတွေနဲ့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ မလေးရှားနိုင်ငံထဲမှာ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် အထောက် အထား မပြည့်စုံတဲ့သူတွေဖြစ်ပြီး အခုစီးနင်းခံလိုက်ရတဲ့နေရာမှာ မြန်မာနဲ့နီပေါနိုင်ငံသားတွေ အ များစု အလုပ်လုပ်ကြတယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://m.facebook.com/story.php?story_fbid=pfbid02q1M7FiPSVUZzABMNdhQvsuqdUaj6hCPdhdDQsKq2YZgERMa1dydaqdENdmxw2jRkl&id=100064542350311&mibextid=Nif5oz

CJ Platformသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://m.facebook.com/story.php?story_fbid=pfbid0bdr7RnuyZw38HxvBLxF6wViYNpwRnwB9cPwXzTDXZZKt4QgZc6HJ1Lx5SVEkt2EWl&id=100083471347355&mibextid=Nif5oz

မလေးရှားသတင်းများလင့်

https://m.facebook.com/story.php?story_fbid=pfbid024bxJXAb5qdyEp2tu3TdJ1fqNj85FbxMe895ZwzuJvWReFV2nX3FmDsEs9eqahrmnl&id=100057295125663&mibextid=Nif5oz

ဧရာဝတီတိုင်းမ် သတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

https://m.facebook.com/story.php?story_fbid=pfbid0fXarFUK2fq4ExSTWEH8sBdETJDh9B3mbeVAWLKpWNsj68DT2qDSYfGCrMRAucuQdl&id=100067770862498&mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.