အမှန်/အမှား
+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”မွန်ပြည်နယ်က ပြည်ထောင်စုလမ်းပိုင်းတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေက ပြည်သူတွေကို အနိုင်ကျင့်နှိပ် စက်နေတယ်” ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာနဲ့ ပတ် သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဘော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မေ ၂၆ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျိုက်မရောကို ဆက်သွယ်ထားတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးလမ်းပိုင်းကို မေ ၂၆ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင် စစ်ဆေးမှု ပြု လုပ်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ဓာတ်ပုံမှတ်တမ်းတွေနဲ့သတင်းထုတ်ပြန်ထားပါတယ်။

Mizzima သတင်းဌာနမှာတော့ ဂဠုန်စစ်ကြောင်းနဲ့ မွန်ပြည်နယ်လွတ် မြောက်ရေးတပ်တော် MLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက အဲဒီလမ်းပိုင်းမှာ ခရီးသွားလာနေတဲ့ ပြည်သူတွေကို ရှောင်တခင် စစ်ဆေးနေစဉ် ကျိုက်မရောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၀၈ ခြေလျပ်တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေ့ ပြောင်းအလုပ်သမား မိသားစုတန်းလျားတွေ ပျက်စီးသွားခဲ့ပြီး ကျိုက်မရော စံပါယ်ဂူတံတားအဆင်း ကော့ပနောရွာလမ်းဆုံအနားက စစ်ဆေးရေးဂိတ်ကိုလည်း ပစ်ခတ်ခဲ့တယ်”လို့ Mizzimaသတင်းဌာနက ဖော်ပြထားပါတယ်။

ဂဠုန်စစ်ကြောင်းသတင်းထုတ်ပြန်ချက်လင့်

https://m.facebook.com/story.php?story_fbid=pfbid0AYWo3WbVo59cYEdjr1b4eEDNuDkiMAgbsVhcvrGaNzDcucuA1rWAVFp2bxiaukAtl&id=100082500214066&mibextid=Nif5oz

Mizzimaသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://m.facebook.com/story.php?story_fbid=pfbid0wzC3ehNM4vkuzwhdatVJ4enkqBMnzfkpAjidD8Z67fSAYWswdPrfZxHa7czVjDUcl&id=100067928020493&mibextid=Nif5oz

မောင်းသတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

https://m.facebook.com/story.php?story_fbid=pfbid0s4ppP8FFEfrfmEm1MnCwGYJphsA27jU6VjX67qB2Gyv66s3PeGZMjpj1wQWXCbaEl&id=100064377741377&mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.