April 2024

သထုံ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၄ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၂၈ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းဟာ ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီအ ချိန်ခန့်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဆိပ်ရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တဲ့အ…

ဖာပွန်တိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတစ်ဦး ကျဆုံး

ဖာပွန်၊ဧပြီ ၂၇ ကရင်ပြည်နယ်၊ဖာပွန်တိုက်ပွဲတွေမှာ PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 မှအထူးကွန်မန်ဒို တစ်ဦး ကျဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း – ၂ က ဒီနေ့ ဧပြီလ ၂၇ ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။ ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ ၄၃၄ အထိုင်စခန်းသိမ်းတိုက်ပွဲမှာ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ – ၂ စစ်ကြောင်းမှ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဘီးလင်းနဲ့သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ၇ လုံးထက်မနည်း…

ရခိုင်ကမြို့နှစ်မြို့ကို AA ညမထွက်ရ အမိန့်ထုတ်ပြန်

ဘူးသီးတောင်၊ ဧပြီ ၂၇ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဧပြီ ၂၆ ရက်နေ့ ညပိုင်းမှာ ကြေညာပါတယ်။ အဲဒီမြို့နှစ်မြို့ကို ဧပြီ ၂၆ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး…

စစ်ကောင်စီတပ်ထံသွားပို့မယ့် ကျပ်သိန်းငါးရာကျော်ကို ကော့သောင်းပကဖ သိမ်းယူ

ကော့သောင်း၊ ဧပြီ ၂၇ တနင်္သာရီတိုင်း ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ သွား ရောက်ပို့ဆောင်မယ့် ငွေကျပ်သိန်းငါးရာကျော်ကို သိမ်းဆည်းလိုက်တယ်လို့ ကော့သောင်းမြို့နယ် ပကဖ ပြန်ကြာရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီအချိန်ခန့်မှာ ကော့သောင်း ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက ဆိပ်ဖူးရွာနဲ့ အောင်ချမ်းသာရွာကြားမှာ နယ်မြေလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးရေးမှုတွေ…

ပွင့်ဖြူဒေသခံ ၆ ဦးကို စစ်ကောင်စီအကြောင်းမဲ့ဖမ်းဆီး 

ပွင့်ဖြူ၊ဧပြီ ၂၇ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်မကျေးရွာက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ၄ ဦးနဲ့ ၂၆ ရက်နေ့မှာ ၂ ဦး စုစုပေါင်း ၆ ဦးကို စစ်ကောင်စီတပ် က ဖမ်းဆီးသွားတာပါ။ ဒေသခံတစ်ဦးက…

ကော့ဘိန်းရဲစခန်းကို စစ်တပ်ပြန်ထိန်းချုပ်ပြီး ပြည်သူတွေအေးချမ်းစွာရှိနေတယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာနဲ့ ဓမ္မသတ်ကျေးရွာတွေကို စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီး နောက် ဒေသခံတွေ ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေတဲ့အတွက် တည်ငြိမ်အေးချမ်းစွာ ရှိနေ တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့် သတင်းစာတွေနဲ့ စစ်ကောင်စီလော်ဘီအကောင့် တွေက…

မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားလဲလှယ်

ရန်ကုန်၊ဧပြီ ၂၇ နှစ်နိုင်ငံကြား သဘောတူညီမှုရရှိပြီးနောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားငါးဖမ်းသမား ၁၇၃ ဦးနဲ့ တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီနယ်ခြား စောင့်တပ်ဖွဲ့ဝင် ၂၈၈ ဦးကို လဲလှယ်လိုက်တယ်လို့ သိရပါတယ်။ မြန်မာရေတပ်သင်္ဘော ချင်းတွင်းပေါ်မှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို တင်ဆောင်လာခဲ့ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အဲဒီသင်္ဘောနဲ့ပဲ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီပြန်ခေါ်ဆောင်သွားတဲ့…

မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် ထိုင်းအဆိုပြု

ဘန်ကောက်၊ဧပြီ ၂၇ ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရင်အတိုင်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံနဲ့အထက် ပါဝင်ကြိုးပမ်းသင့်တယ်လို့ အဆိုပြုထားပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုအပါအဝင် နိုင်ငံ ၃ နိုင်ငံက မြန်မာအရေးဖြေရှင်းရေး ဦးဆောင်ကြိုးပမ်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုခဲ့တာပါ။ သူက အင်ဒိုနီးရှား၊မလေးရှားနဲ့ လာအိုနိုင်ငံတို့ကို ဆိုလိုတာဖြစ်ပြီး တခြားအဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့အရေး…

စစ်အာဏာသိမ်း (၁၁၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၇ AAPP ရဲ့ ဧပြီ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၁) ရက်အတွင်း ပြည်သူ (၄၉၄၆ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၇၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…