ရန်ကုန်၊ဧပြီ ၂၉
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်အရှေ့ပိုင်း ညောင်တုန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ ၅ ထိပ် ရဲစခန်းကို Dark Shadow တပ်ဖွဲ့က ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေး ကို Urban Freedom စစ်ဆင်ရေးလို့ အမည်ပေးထားတာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုထားပြီး တော်လှန်ရေး တပ်သားတွေလည်း နေရပ်ကို ဘေးကင်းစွာပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ အသိပေးထားပါ တယ်။
သံလွင်တိုင်းမ် အနေနဲ့ လှိုင်သာယာမြို့နယ် ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချိန်မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တာမှန်ကန်ပြီး ထိခိုက်သေဆုံးအခြေအနေတော့ မသိရဘူးသေးဘူးလို့ ပြောပါ တယ်။
Dark Shadow အဖွဲ့ရဲ့တိုက်ခိုက်မှုကို “မမနှင့်အတူ မြို့ပြကူ” ဆိုတဲ့ ကမ်ပိန်းကရရှိထားတဲ့ ထောက်ပို့ငွေက ဝယ်ယူထားတဲ့လက်နက်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါ တယ်။
ဒါ့အပြင် Dark Shadow အဖွဲ့အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ရရှိတဲ့အထိ တွန်းလှန်တိုက်ပွဲဝင်သွား မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Dark Shadow