March 2, 2024

အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချဆေး တရားဝင်ရောင်းတော့မယ်

ဝါရှင်တန် ၊ မတ် ၃ အမေရိကန်ဆေးဝါး ကုမ္ပဏီကြီးနှစ်ခုက mifepristone ကိုယ်ဝန်ဖျက်ချဆေးကို ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ အခုလကစတင်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မိမိတို့အနေနဲ့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုထားတဲ့ လက်တစ်ဆုပ်စာ ပြည်နယ်တွေမှာ လာမယ့် သီတင်းပိတ်ကစတင်ပြီး ကိုယ်ဝန်ဖျက်ချဆေးတွေ ရောင်းချပေးသွားမှာဖြစ်တယ်လို့ CVSနဲ့Walgreens ကုမ္ပဏီတွေက အသိပေးထားပါတယ်။ အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနက ဆေးကုမ္ပဏီတွေကို အဲဒီဆေးရောင်းချခွင့် ပြုခဲ့ပြီးနောက်…

စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူခွင့်နဲ့ ငွေကြေးရရှိမှု ပစ်မှတ်ထားတားဆီးဖို့ ကုလ ပြော

ဂျီနီဗာ ၊ မတ် ၃ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်တိုက်ခိုက်နေမှုကို တားဆီးရေး နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူခွင့်အပါအဝင် နိုင်ငံခြားငွေကြေး ရရှိနေမှုကို ကန့်သတ်ထိန်းချုပ်ပြီး အရေးယူရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ပြောပါတယ်။ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက်ပြုမူနေတာကို တားဆီးရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ရဲ့ စွမ်းအင်တွေကို ပြန်လည်အာရုံစိုက်ကြဖို့လည်း လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဗိုလ်ကာတက်ခ်က…

စစ်ကောင်စီတပ်သားတစ်ဦး MDY PDF ထံ လက်နက်နဲ့အလင်းဝင်

မန္တလေး – မတ် ၂ အာဏာသိမ်းစစ်ကောင်စီတပ်သားတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံ ကို လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့အတွက် ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့ MDY PDF က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အလင်းဝင်ရောက်လာတာဖြစ်ပြီး သူနဲ့အတူ MA-11 တစ်လက်၊ကျည်ဘောက် ၇ ဘောက်၊ကျည် ၂၅၀ ၊ဆိုင်ကယ်တစ်စီးနဲ့ အလင်းဝင်ရောက် လာတာပါ။…

စစ်တွေမြို့မစျေးထဲက အရပ်သားပြည်သူတွေသေဆုံးတာဟာ AA ကြောင့်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊စစ်တွေမြို့မစျေးကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာ ကြောင့် စျေးထဲက ဒေသခံပြည်သူတွေသေဆုံးတာကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်လိုက် တယ်ဆိုပြီး စစ်ကောင်စီမီဒီယာတွေမှာ သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

မြောက်ဦးမှာ သတင်းသမားဟောင်းတစ်ဦးအပါအဝင် အရပ်သား ၇ ဦးသတ်ဖြတ်ခံရမှု IPCM ရှုတ်ချ

မော်လမြိုင် – မတ် ၂ ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံနေရစဉ် သတင်းထောက်ဟောင်း တစ်ဦးအပါ အဝင်အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်သားတွေရဲ့လူမဆန်စွာ အကြောင်းမဲ့ ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို မြန်မာသတင်းမီဒီယာကောင်စီ IPCM က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ ခမရ…

စစ်အုပ်စုရဲ့ စစ်သားစုဆောင်းမှုအပေါ် ချက်ချင်းအရေးယူဖို့ လုံခြုံရေးကောင်စီထံ တောင်းဆို

နေပြည်တော် ၊ မတ် ၂ မြန်မာစစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းမှုဟာ မြန်မာနဲ့ အာဆီယံဒေသတွင်းရဲ့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချက်ချင်းအရေးယူဖို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ နီးပါးက တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် အခုနှစ်မတ်လမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ရဲ့ ဥက္ကဌဖြစ်လာမယ့် ဂျပန်နိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေနဲ့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားဖို့…

တနင်္သာရီ သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်

သရက်ချောင်း၊ မတ် ၂ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရောင်းမော်ကျေးရွာမှာ ဒီနေ့ မတ် ၂ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ရောင်းမော်ကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၅၀ နီးပါး နေထိုင်တဲ့ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။ မနက် ၆ နာရအချိန်ကစတင် ဖြစ်ပွားခဲ့တဲ့…

ကျိုက်မရောထောင်မှာ တိုက်ပိတ်ခံရတဲ့ နိုင်ကျဉ်း ၃ ဦး ထပ်တိုးထောင်ဒဏ် ချမှတ်ခံရ

ကျိုက်မရော၊ မတ် ၂ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖုန်းတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်ကောင်စီက ထပ်တိုးထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ အထူးရှာဖွေစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃…

ကျောက်ကြီးမှာ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံး ၁၃ ဦးဒဏ်ရာရ

ကျောက်ကြီး၊ မတ် ၂ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ KNU တပ်စခန်းနှစ်ခု လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဖမ်းဆီးထားတဲ့ အရပ်သား ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU ဗဟိုက ဒီနေ့ မတ် ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျောက်ကြီးမြို့နယ်ရှိ…

စစ်အာဏာသိမ်း (၁၁၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၁၃) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂ AAPP ရဲ့ မတ် ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၂၅) ရက်အတွင်း ပြည်သူ (၄၆၁၃ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၆၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…