Former Thai Prime Minister Thaksin Shinawatra, who is expected to be arrested upon his return as he ends almost two decades of self-imposed exile, waves at Don Mueang airport in Bangkok, Thailand August 22, 2023. REUTERS/Athit Perawongmetha/File Photo

ဘန်ကောက် – ဖေဖော်ဝါရီ ၁၅

ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ၆ လကြာထိန်းသိမ်းပြီး နောက် အာမခံပေးလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လူသိအများဆုံးဝန်ကြီးချုပ် တစ်ဦးဖြစ်သလို ဩဇာကြီးမားတဲ့ ဘီလျံနာသူဌေး တစ်ဦးဖြစ်တဲ့ သက်ဆင်ဟာ အကျိုးစီးပွားပဋိပက္ခတစ်ခုအတွက် ချမှတ်ခံရတဲ့ ထောင်ဒဏ်ကို ရှောင်ရှားပြီး ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ပြီးနောက် မိခင်နိုင်ငံကိုပြန်လာခဲ့တာပါ။

သူပြန်ရောက်လာပြီးမကြာခင်မှာပဲ သူ့အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၈ နှစ်ကို ဘုရင်က ၁ နှစ်သို့ လျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ ဆေးရုံမှာ လူသိရှင်ကြားဖော်ပြမထားတဲ့ ကျန်းမာရေး ပြဿနာနဲ့ ၆ လကြာထိန်းသိမ်းခံခဲ့ရပြီး ထောင်ထဲမှာ တစ်ရက်တောင်မနေခဲ့ရဘူးလို့ သိရပါ တယ်။

သူအာမခံရတာ တရားဝင်ဖြစ်ပါတယ်။ဒါဟာ အကျဉ်းဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီပါတယ်လို့ ဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က ပြောပါတယ်။ 

သာဗီဆင်ဟာလည်း လုပ်ငန်းရှင် သူဌေးကြီးတစ်ဦးဖြစ်ပြီး ရှင်နာဝါထရာ မိသားစုရဲ့ မဟာမိတ် ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆင်ဟာ နိုင်ငံအတွက် နှစ်တွေအများကြီးကြာအောင် ကောင်းမွန်တဲ့အလုပ်တွေ လုပ်ပေးခဲ့ သူဖြစ်တဘ်လို့လည်း သာဗီဆင်က ပြောပါသေးတယ်။

အသက်အရွယ် ကြီးရင်နေပြီဖြစ်သလို ကျန်းမာရေးမကောင်းဖြစ်နေတယ်လို့ မှတ်ယူထားပြီး အာမခံရရှိခဲ့တဲ့ အကျဉ်းသား ၉၃၀ စာရင်မှာ သက်ဆင်ပါဝင်လာတာဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ စည်းကမ်းတွေအရ သူဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နောက်ပိုင်းမှာ ပြန် လွတ်လာနိုင်တယ်လို့ သိရပြီး ပြန်လွတ်လာမယ့်ရက်ကို အကြောင်းကြာထားတာမရှိသေးဘူးလို့ သက်ဆင်ရဲ့ ရှေ့နေက ပြောခဲ့ပါတယ်။

အာမခံရရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘုရင်ကို စော်ကားခဲ့ တယ်ဆိုပြီး အစိုးရရှေ့နေချုပ်က သက်ဆင်ကို တရားစွဲဆိုဖို့ ထပ်မံလုပ်ဆောင်နေတယ်လို့ သိရ ပါတယ်။

Ref: Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.