February 6, 2024

ထိုင်းအတိုက်ခံခေါင်းဆောင် ဖိထာ တရားဥပဒေဆိုင်ရာ ပြဿနာတွေနဲ့ ပိုမိုရင်ဆိုင်လာရ

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ဖိထာနဲ့အတူ နိုင်ငံရေးသမား ၇ ဦးကို ၂၀၁၉ ခုနှစ်က တရားမဝင်လူထုစုဝေးမှုနဲ့ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆိုင်းငံ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ Move Forward ပါတီရဲ့ တော်ဝင်ဥပဒေကိုပြင်ဆင်ဖို့ကြိုးပမ်းခဲ့တဲ့လုပ်ရပ်ဟာ နန်းတော်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ…

ဗြိတိန် ချားလ်ဘုရင် ကင်ဆာရောဂါဖြစ်နေ

လန်ဒန်၊ ဖေဖော်ဝါရီ ၇ ဗြိတိန်ဘုရင်ချားလ်မှာ ကင်ဆာရောဂါ တစ်မျိုးဖြစ်ပွားနေတယ်လို့ စစ်ဆေးတွေ့ရှိထားကြောင်း ဘက်ကင်ဟမ်နန်းတော်က ကြေညာထားပြီး ဘာရောဂါအမျိုးအစားလည်းဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘုရင်ဟာ ပုံမှန်ဆေးကုသမှုတွေ စတင်ခံယူခဲ့ပြီး ဒီကာလအတွင်း သူ့ရဲ့တာဝန်တွေကို ရွှေ့ဆိုင်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ချားလ်ဘုရင်ဟာ မကြာသေးခင်က သုတ်လွှတ်ဂလင်းကြီးမားနေတဲ့ အခြေအနေအတွက် ဆေးကုသမှုခံယူထားရပြီး သုတ်လွှတ်ဂလင်းကင်ဆာတော့ မဟုတ်ဘူးလို့ သိရပါတယ်။…

မကွေးဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ပွင့်ဖြူဒေသခံတွေ ဖမ်းဆီးငွေညှစ်ခံနေရ

ပွင့်ဖြူ – ဖေဖော်ဝါရီ ၆ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီမကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာတဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးငွေညှစ် တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က တိုက်ခိုက်ခံရတာဖြစ်ပြီး ကားတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းနေတယ်လို့ သံလွင်တိုင်းမ်ကို…

သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ သိမ်ဇရပ်ရဲစခန်းကို မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၁၀ နာရီအချိန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်တွေဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲမှုတွေ…

စစ်ကောင်စီတပ်ရင်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၇ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၂ ခုကို ရက္ခိုင့်တပ် တော် AA က ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကျောက်တော်အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ ခမရ (၃၇၆) တပ်ရင်းတစ်ရင်းလုံးကို ပြီးခဲ့တဲ့…

စာသင်ကျောင်း လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီကို KSCC အပြင်းအထန်ရှုတ်ချ

ဒီးမော့ဆို ၊ ဖေဖော်ဝါရီ ၇ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့က စစ်ရှောင်စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ် ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ ကရင်နီပြည်နယ်အ တိုင်ပင်ခံကောင်စီ KSCC က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒေါဆီအီကျေးရွာအခြေစိုက် မူလတန်းကျောင်းနဲ့ အလယ် တန်းကျောင်းကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်…

TNLA သိမ်းပိုက်ထားတဲ့ မန်တုံ၊မိုင်းလုံနဲ့ မိုင်းငေါ့မြို့တွေကို TNLA ခေါင်းဆောင်တွေနဲ့ NUG  ကွင်းဆင်းစစ်ဆေး

မန်တုံ – ဖေဖော်ဝါရီ ၆ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ မန်တုံမြို့၊မိုင်းလုံမြို့နဲ့ မိုင်းငေါ့ မြို့တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်နဲ့ NUG ဖက်ဒယ်ရေးရာ ဒုဝန်ကြီး မိုင်းဝင်းထူးတို့ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၄…

ဒီးမော့ဆိုကို လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီးမော့ဆိုမြို့ကို တပ်မတော်လေကြောင်းနဲ့ ပစ်ခတ်မှုမလုပ်ခဲ့ဘူးလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေနဲ့ လော်ဘီတွေသတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်အုပ်စုလက်အောက်ခံ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာ၊MWD၊MRTV၊ MOI အပါအဝင် အကောင့်တုတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖေဖော်ဝါရီလ ၆…

စစ်အာဏာသိမ်း (၁၁၀၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၆ AAPP ရဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၀၀) ရက်အတွင်း ပြည်သူ (၄၄၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၇၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မြို့အနီး နိုင်ငံတကာလေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ ဖိအားပေး

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆ အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကူးယဉ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ ပြည်နယ်စစ်ကောင်စီဘက်က ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒီစီမံကိန်းနှစ်ခု စတင်နိုင်ဖို့အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦး ဆောင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရုံးမှာ အစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပခဲ့တာပါ။ အစည်အဝေးအတွင်း…