January 10, 2024

စစ်အာဏာသိမ်း (၁၀၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၃၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၁ AAPP ရဲ့ ဇန်နဝါရီ (၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၄) ရက်အတွင်း ပြည်သူ (၄၃၃၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လောင်းလုံးမှာ နှစ်ပတ်အတွင်း နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

လောင်းလုံး၊ ဇန်နဝါရီ ၁၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့ နှစ်ပတ်အတွင်း နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အိမ်အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ဖောက် ထွင်းယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဇန်နဝါရီ ၈ ရက်နေ့အထိ နှစ်ပတ်အတွင်း ဒေသခံပြည်သူတွေ…

လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၁ စစ်ဆင်ရေးတွေမှာ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေမှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့ မြေပြင်အချက်အ လက်တွေက ဖော်ပြနေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ ကိုးကန့်ဒေသတစ်ခုလုံးအပါအဝင် ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ချင်းတို့မှာ မြို့ပေါင်း ၂၈ မြို့ထက်မနည်း၊ တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံး ရှုံးခဲ့ရတာပါ။ အခုရက်ပိုင်းအတွင်း…

ရေးမှာ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ဖို့စာဖြန့်ဝေ၊ စစ်တပ်အသည်းအသန် လိုက်သိမ်းနေ

ရေး၊ ဇန်နဝါရီ ၁၁ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ တော်လှန်ရေးအင် အားစုအဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်တွန်းနှိုးဆော်စာ ဖြန့်ဝေတာတွေ လုပ် ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေးမြို့ရဲ့ ကမ်းနားဈေးအပါအဝင် လူစည်းကားရာ နေရာတွေအပြင် အစင်နဲ့ကျောင်းရွာစံပြကျေး ရွာတွေဘက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ စာရွက်လိုက်ကပ်တာနဲ့…

ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဇန်နဝါရီ ၁၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ KNLA PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်မီးလောင်ပျက်စီးတာနဲ့ အရပ်သားသေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ အချိန်တစ်လကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲဟာ ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း ကော့ကရိတ်မြို့…

တရုတ်ရဲ့ ဂြိုလ်တုလွှတ်တင်မှုကြောင့် ထိုင်ဝမ်မှာအရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့ရ

တိုင်ပေ၊ ဇန်နဝါရီ ၁၁ ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုတွေရှိနေချိန်မှာ တရုတ်ရဲ့ ဂြိုလ်တုလွှတ်တင်မှုကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ သမ္မတလောင်း လိုင်ချင်းတီက တရုတ်ဟာ ထိုင်ဝမ်ရွေးကောက်ပွဲအပေါ် လွှမ်းမိုဖို့ ကြိုးပမ်း နေတယ်လို့ ဝေဖန်မှုတွေထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာပဲ အရေးပေါ်သတိပေးချက်ထွက် ပေါ်လာတာပါ။ ထိုင်ဝမ်ရဲ့ ရွေးကောက်ပွဲရလဒ်က ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးလမ်းကြောင်းကို သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ နက္ခတ်တာရာဆိုင်ရာ အချက်အလက်တွေ စုဆောင်းမယ့်…

ထိုင်းပြည်သူတွေကို အစိုးရရဲ့ ဘတ် ၁၀၀၀၀ ပေးမယ့်အစီအစဉ် မေလမှာ စတင်မယ်

ဘန်ကောက် – ဇန်နဝါရီ ၁၁ ထိုင်းအာဏာရအစိုးရရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ အာဏာရချိန်မှာ ပြည်သူတွေကို ဘတ်ငွေ ၁၀၀၀၀ ပေးမယ့် အစီစအဉ်ကို လာမယ့်မေလမှာ စတင်လုပ်ဆောင်သွားမှာဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က သတင်းထောက်တွေကိုပြောပါတယ်။ အစိုးရကို ဥပဒေဆိုင်ရာ အကြံပေးနေတဲ့အဖွဲ့က အဲဒီအစီအစဉ်အတွက် ဆရီထာရဲ့ ဝန်ကြီးများ အဖွဲ့ ငွေချေးယူမှုကို တားမြစ်ဖို့မရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ပြီးနောက်…

စစ်တပ်ဖမ်းထားတဲ့ သတင်းသမားတွေပြန်လွှတ်ပေးဖို့ IPCM တောင်းဆို

မော်လမြိုင် – ဇန်နဝါရီ ၁၀ မြန်မာနိုင်ငံကိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်ဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က တောင်းဆိုလိုက်ပါတယ်။ သတင်းသမားတွေဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူတင်ဆက်တာဟာ တည်ဆဲ ဥပဒေ၊နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ပြည်သူတို့ရဲ့ သတင်းရယူသိရှိပိုင်ခွင့် (Right to Information) ကို တရားဝင်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒါကြောင့် လွတ်လပ်စွာ သတင်းရယူတင်ဆက်တာကို…

နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာခေါ် ဥပ္ပါတသန္တိပရိတ်တော်ကို ၂၇ ရက်တိတိ ရွတ်ဖတ်ယတြာချေ

ရန်ကုန်၊ ဇန်န‌‌ဝါရီ ၁၀ “၁၀၂၇ စစ်ဆင်ရေး”နဲ့ အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲတွေမှာ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်နိုင်ဂါထာလို့ခေါ်တဲ့ “ဥပ္ပါတသန္တိ ပရိတ်တော်” ကို မြို့နယ်အ လိုက် ၂၇ ရက်တိတိ ရွတ်ဖတ်ယတြာချေခိုင်းနေတယ်လို့ သိရပါတယ်။ အခု ၂၀၂၄ ခုနှစ် နှစ်စမှာတင် ရှမ်းမြောက်ရှိ ဒကစ (လောက်ကိုင်) တစ်ခုလုံး…

မြောက်ဦးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးပြီး အရပ်သား ၄ ဦးသေဆုံး

မြောက်ဦး၊ ဇန်နဝါရီ ၁၀ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့တဲ့အပြင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ AA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ အင်အား ၅၀…