January 9, 2024

အီရတ်က အမေရိကန်တပ်တွေ ထွက်ခွာဖို့မရှိဘူးလို့ ပင်တဂွန်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ အီရတ်အစိုးရက အမေရိကန်ဦးဆောင်တဲ့ စစ်ဘက်ဆိုင်ရာညွှန်ပေါင်းအဖွဲ့ကို ဖယ်ရှားဖို့ စတင်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပေမယ့် အမေရိကန်ကတော့ သူတို့ရဲ့တပ်တွေကို ပြန်လည်ခေါ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အိုင်အက်စ်အဖွဲ့ကို ချေမှုန်းဖို့လုပ်ဆောင်နေတာဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာဖို့ မရှိသေးဘူးလို့ အမေရိကန်လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ်ရိုကဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အမေရိကန်စစ်သားတွေကို ဖယ်ရှားဖို့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အီရတ်ကာကွယ်ရေးဝန်ကြီးဌာနကို အသိပေးထားတာမရှိသေးသလို ကန်စစ်တပ်ဟာ အီရတ်အစိုးရရဲ့…

ဂါဇာမှာ မြေအောက်လက်နက်စက်ရုံ ရှာတွေ့ထားတယ်လို့ အစ္စရေး ပြော

အယ်လ်ဘူရိတ်ဂျ် ၊ ဇန်နဝါရီ ၁၀ ဂါဇာကမ်းမြောင်ဒေသမှာ အကြီးဆုံးလက်နက်ထုတ်လုပ်ရေး မြေအောက်စက်ရုံတစ်ခု ရှာတွေ့ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲဒီလက်နက်စက်ရုံမှာ မြေအောက်အလုပ်ရုံတွေပါဝင်ပြီး အစ္စရေးမြောက်ပိုင်းက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့အသုံးပြုတဲ့နေရာဖြစ်တယ်လို့ ဆိုထားတာပါ။ မြေအောက်အလုပ်ရုံတွေကနေ ဒုံးကျည်တွေအပြင် မော်တာကျည်ခွံတွေလို ခဲယမ်းမီးကျောက် တွေလည်း ထုတ်လုပ်နေပြီး မြေအောက် ဥမင်လမ်းကြောင်းတွေနဲ့ ချိတ်ဆက်တည်ဆောက်ထား တာ ဖြစ်တယ်လို့ အစ္စရေးက…

မ‌ကွေး ပခုက္ကူဒေသမှာ ကြက်သွန်စိုက်ပျိုးဖို့ အခက်ကြုံနေရ

ပခုက္ကူ – ဇန်နဝါရီ ၉ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက တောင်သူတွေဟာ လောင်စာဆီနဲ့ ဓာတ်မြေဩဇာ ရှားပါးမှုကြောင့် ကြက်သွန်စိုက်ပျိုးမှုလျော့ကျလာပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ တောင်သူ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လောင်စာဆီရှားပါးတာနဲ့ ဓာတ်မြေဩဇာတန်ဖိုးတွေ မြင့်တက်နေတာကြောင့် ထွန်ယက်စိုက်ပျိုးချိန်မှာ ကုန်ကျစရိတ်မြင့်မားလာလို့ လျာထားချက်ထက်လျှော့ပြီး စိုက်ပျိုးနေကြရတာပါ။ ပေါက်ဒေသခံတစ်ဦးက ကြက်သွန်စျေးကျတာနဲ့ မြေဩဇာစျေးတက်နေတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။ “လောင်စာဆီရှားပါးတော့ ထွန်စက်ခတွေစျေးတက်တယ်လေ။နောက်ပြီးဓာတ်မြေဩဇာစျေး တက်တယ်။ကြက်သွန်စျေးကလည်း…

ဗဟိုကော်မတီဝင်‌တွေ တိုးချဲ့ဖွဲ့စည်းဖို့ မွန်ပြည်သစ်ပါတီ ညီလာခံက ဆုံးဖြတ်

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၉ ၁၁ ကြိမ်မြောက် ပါတီညီလာခံကနေ ဗဟိုကော်မတီဝင်‌တွေ တိုးချဲ့ဖွဲ့စည်းဖို့ မွန်ပြည်သစ်ပါတီက အခွင့်ပေးဆုံးဖြတ်လိုက်တယ်လို့ ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တိုးချဲ့ ဗဟိုကော်မတီသစ်မှာ လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင် စတဲ့ နယ်ပယ်တွေကနေ ၇ ဦးကို အခွင့်ပေးထားရှိပြီး ပါတီညီလာခံ လမ်းညွန်ချက်မှာ လက်ခံအတည်ပြုထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။…

စစ်ကိုင်းမှာ PDF တွေ ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ စစ်ကိုင်းတိုင်း၊ကလေးဝလမ်းမကြီးပေါ်မှာ PDF တွေဆက်ကြေးကောက်နေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီနေ့အစီအစဉ်အတွက် စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွဖြစ်တဲ့ Snow Queen၊ရဲဘညွှန့်၊ကျော်စွာ၊ဟန်ငြိမ်းဦး စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅…

ပြည်ထောင်စုနေ့ အခမ်အနားမှာ လုံခြုံရေးတင်းကျပ်ဖို့ ဒုစစ်ခေါင်းဆောင် အထပ်ထပ် မှာကြားနေရ

နေပြည်တော် ၊ ဇန်နဝါရီ ၉ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားကြရမယ်လို့ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထပ်ထပ် မှာကြားနေရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်…

ဘော်လခဲခရိုင်ရဲစခန်းမှ ရဲတပ်သား၁ ဦး KNDF ထံ အလင်းဝင်

ဘောလခဲ၊ ဇန်နဝါရီ ၉ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီရဲ့ ခရိုင်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ KNDF ဗဟိုက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဘောလခဲခရိုင် ရဲစခန်းမှာ ရဲတပ်သား ၁ ဦးဟာ စစ်ကောင်စီရဲ့ အမိန့်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက်…

နိုင်ငံကျော်တေးသံရှင် အဆိုတော်ကြီးမာမာအေး ကွယ်လွန်

ရန်ကုန်၊ ဇန်နဝါရီ ၉ နိုင်ငံကျော်တေးသံရှင် အဆိုတော်မာမာအေးဟာ ဒီနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီအချိန်ခန့်မှာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အဆိုတော် မာမာအေးကို ၁၉၄၁ (မြန်မာသက္ကရာဇ် ၁၃၀၄) ခုနှစ်မှာ မြောင်းမြမြို့ ရှမ်းကုန်းပိုင်းမှာ မွေးဖွားခဲ့ပြီး ဖခင်နှဲဆရာ ဦးအေးနဲ့ မိခင်ဒေါ်သန်းနှစ်(အဆို တော် မြောင်းမြသန်း) ဖြစ်ပြီး ငယ်နာမည်မှာ မအေးမြင့်…

စစ်အာဏာသိမ်း (၁၀၇၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၉ AAPP ရဲ့ ဇန်နဝါရီ (၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၂) ရက်အတွင်း ပြည်သူ (၄၂၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ စပ်ဆေးသုံးစွဲမှုမြင့်တက်လာလို့ အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေရှိလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၈ မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ပြည့်နီးပါးကာလအတွင်း အခြေခံပြည်သူတွေဟာ ဆေးကုသစရိတ်နဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် စပ်ဆေးတွေကိုသာ အဓိကအသုံး ပြုလာတာကြောင့် အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေ ရှိလာတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးဝါးပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ တင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်း ပြတ်လပ်တာ၊ မြန်မာငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာတာအပြင် လက်ကျန်ပစ္စည်းနည်းပါးတဲ့အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာတာပါ။…