သက်ဆင်ပြီးတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် ပြည်တော်ပြန်ဖို့ ရှိနေ

0
53

ဘန်ကောက်၊ ဒီဇင်ဘာ ၂၉

တရားခံပြေးတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝါထရာဟာ လာမယ့်နှစ်အတွင်း အကိုဖြစ်သူရဲ့ပုံစံအတိုင်း ပြည်တော်ပြန်လာဖို့ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးဖြစ်တဲ့  ဂျာတူပွန် ပရွန်ပန်က ပြောပါတယ်။

ယင်လက်အနေနဲ့ ပြည်တော်ပြန်ဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုပါက တော်ဝင်မိသားစုရဲ့ အသနားခံမှု မတိုင်ခင် တရားစီရင်ရေးစနစ်အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ နိုင်ငံအစိုးရရဲ့ ဥပဒေကျွမ်းကျင်သူ တစ်ဦးကဆိုထားတာပါ။

ဘတ်ငွေအနည်းဆုံး သန်း ၅၀၀ ဆုံးရှုံးခဲ့တဲ့ ဆန်သိုလှောင်ရေးအစီအစဉ်အတွက် တာဝန်ပျက်ခဲ့ တာနဲ့ အကျင့်ပျက်ခြစားတာတွေကြောင့် ယင်လက်ဟာ ၂၀၁၇ မှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရ တာဖြစ်ပါတယ်။

အာဏာရှင်စနစ်ဖြုတ်ချရေး သက်ဆင်လိုလားတဲ့ ညီညွတ်ရေးတပ်ဦး ခေါင်းဆောင် မစ္စတာ ဂျာတူပွန်က ယင်လက်ပြန်လာဖို့ ထင်မြင်ချက်တွေဟာ သူမအစ်ကိုဖြစ်သူပြန်ရောက်လာချိန်ကစပြီး ပိုမိုရှင်းလင်းလာတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြန်ရောက်လာချိန်မှာတော့ အမှု ၃ ခုအတွက် ထောင် ၈ နှစ်အထိ ချမှတ်ခံခဲ့ရပေမယ့် တော်ဝင်အသနားခံမှုကြောင့် ထောင်ဒဏ် ၁ နှစ်အထိ လျော့ချပေးခဲ့တယ်လို့ သိရပါတယ်။

“သက်ဆင်ရဲ့ ဖြစ်စဉ်အလေ့အထကို အခြေခံပြီး ယင်လက်ရဲ့ လုပ်ငန်းစဉ်ဟာ အတူတူပဲ ဖြစ်မှာ ပါ။ ကျွန်ုပ်ယုံကြည်တာကတော့ နှစ်သစ်ကူးအပြီးမှာ သူမ ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ မစ္စတာဂျာတူပွန်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက သက်ဆင်ပြည်တော်ပြန်ဖို့ ကြေညာချိန်က အင်တာဗျူးတစ်ခုမှာ ယင်လက်က သူမ အိမ်ပြန်ဖို့နဲ့ပတ်သက်ပြီး “ဒါက ကံတရားအတိုင်းပဲဖြစ်ပါမယ်။ ကျွန်မမှာ ဒီနေ့ကို နေထိုင် နေတာဖြစ်ပြီး အချိန်ကိုလည်း စောင့်ဆိုင်းနေပါတယ်”လို့ ဆိုထားပါတယ်။

ရုံးတော်က ယင်လက်အစိုးရကို ဖြုတ်ချဖို့ အမိန့်မထုတ်ခင် ၂၀၁၇ ခုနှစ်က သူမဟာ ထိုင်းနိုင်ငံကို စွန့်ခွာခဲ့တာဖြစ်ပြီး ဆန်သိုလှောင်ရေး အစီအစဉ်အတွက် ယင်လက်ကိုထုတ်ထားတဲ့ ဖမ်းဝရမ်းဟာ အသက်ဝင်နေသေးတာဖြစ်ပါတယ်။

အချုပ်ထဲမှာ ၁၃ နာရီနေပြီး ဆေးရုံကိုလွှဲပြောင်းလိုက်တဲ့ သက်ဆင်ရဲ့ ကိစ္စကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ တောင်းဆိုခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ကလည်း ယင်လက်အနေနဲ့ အိမ်ကိုအချိန်မရွေးပြန်လာနိုင်ပေမယ့် တရားရေးစနစ်ကို လေးစားရမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ယင်လက်အနေနဲ့ ပြည်တော်ပြန်လာပြီးနောက် အခွင့်ထူးခံရပါက မီးကိုလောင်စာထည့်သလို ဖြစ်နိုင်ပြီး ဆရီထာသာဗီဆင်ရဲ့ အစိုးရလည်း အဆုံးသတ်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံကို ပြောင်းလဲမယ့် ကျောင်းသားနဲ့ ပြည်သူများကွန်ရက်ခေါင်းဆောင် ဖီချစ်ချိုင်မွန်ကိုယ်လ်က သတိပေးထားပါတယ်။

Pheu Thai ပါတီအနေနဲ့ ဒီလိုအခွင့်ထူးခံခွင့်ပြုမယ်ဆိုပါက နိုင်ငံရေးသေဆုံးမှုနဲ့ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.