သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ကျနေတဲ့ သရုပ်ဆောင် မင်းရာဇာက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်နေ

0
66

ရန်ကုန် – ဒီဇင်ဘာ ၂၈

သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာဟာ အင်းစိန် ထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်တာတွေ ဦးဆောင်ပြီး လုပ်ကိုင် နေတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင် အဆောင် ၄ က ပုံစံအခန်းကို အသစ်ဝင်ရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မင်းရာဇာဦးဆောင်တဲ့အဖွဲ့က ရိုက်နှက်နှိပ်စက်နေတာဖြစ်တယ်လို့ သိရပါ တယ်။

“မင်းတို့လား နိုင်ငံရေးအကျဉ်းသား ဘယ်ကောင်မှ ဂရုမစိုက်ဘူး” လို့ ပြောဆိုကြိမ်းမောင်းပြီး ရိုက်နှက်နှိပ်စက်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တစ်ဦးက သံလွင် တိုင်းမ် ကိုပြောပါတယ်။

လက်ရှိမှာတော့ မင်းရာဇာဦးဆောင်တဲ့ အဖွဲ့ရဲ့ ရိုက်နှက်နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တချို့မှာ ထိခိုက်ဒဏ်ရာရရှိထားပြီး ဘယ်နဦးလောက်ထိခိုက်ဒဏ်ရာရရှိထားတယ်ဆိုတာကို တော့ သံလွင်တိုင်းမ် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

သရုပ်ဆောင် မင်းရာဇာဟာ အိမ်အကူအမျိုးသမီးကိုအပြင်းအထန်နာကျင်စေမှုအပါအဝင် သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ချမှတ်ခံထားရတာပါ။

စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင် အာဏာပိုင်တွေက သရုပ်ဆောင် မင်းရာဇာ ကို အင်းစိန်ဗဟိုအကျဉ်းထောင်ရဲ့ အကျဉ်းသားအရာရှိ နံပါတ် ၂ အဖြစ် ခန့်အပ်တာဝန်ပေးထား တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.