တောင်တရုတ်ပင်လယ်ထဲမှာ ဒုံးကျည်အန္တရာယ်ရှိတယ်လို့ တရုတ်အစိုးရ သတိပေး

0
47

ဘေဂျင်း၊ ဒီဇင်ဘာ ၂၇

လွန်ခဲ့တဲ့ ၁၁ ရက်က ပစ်လွှတ်ခဲ့တဲ့ ဖျက်အားပြင်းဒုံးကျည်ရဲ့ အကြွင်းအကျန်တွေ တောင်တရုတ်ပင်လယ်အတွင်းက ဧရိယာတစ်ခုကို ကျရောက်နိုင်တယ်လို့ တရုတ်အစိုးရက သတိပေးထားပါတယ်။

ပြန်လည်ဆင်းသက်လာချိန်မှာ လေထုအတွင်း လောင်ကျွမ်းလေ့ရှိတဲ့ ဒုံးပျံအပျက်အစီးတွေကို ဒေသစံတော်ချိန် မနက် ၁၁ နာရီနဲ့ မွန်းတည့်ချိန်အတွင်း တရုတ်နိုင်ငံ ဟိုင်းနန်ကျွန်းကမ်းရိုးတန်းကို ကျလာနိုင်တယ်လို့ တရုတ်ရေကြောင်းလုံခြုံရေး စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ဟိုင်နန်မြို့ ဝမ်ချမ်းလွှတ်တင်ရေးနေရာကနေ Long March 5 ဒုံးပျံကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး အဲဒီဒုံးပျံဟာ ၂၀၁၆ ခုနှစ်က သူ့ရဲ့ပထမဆုံး ပျံသန်းမှုနောက်ပြီး ၆ ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်တယ်လို့ သိရပါတယ်။

Long March 5B ဒုံးပျံအမျိုးအစားကို အရင်က အင်္ဂါဂြိုလ်နဲ့ တရုတ်အာကာသစခန်းရဲ့ မော်ဂျူး တွေမှာ စူးစမ်းလေ့လာရေးအတွက် အသုံးပြုခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Long March 5Bရဲ့ အကြွင်းအကျန်တွေဟာ ဘယ်နေရာကို ကျရောက်မယ်ဆိုတဲ့ ထင်ကြေးတွေနဲ့အတူ စိုးရိမ်မှုတွေမြင့်တက်ပြီးနောက် အပျက်အစီးတွေဟာ အိုင်ဗရီ ကမ်းရိုးတန်းပေါ်ကို ပြုတ်ကျကာ အဆောက်အဦးတွေ ပျက်စီးခဲ့ရဖူးတယ်လို့ သိရပါတယ်။

Long March 5 မစ်ရှင်ကို ဒီလအစောပိုင်းမှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာမှာ “ပတ်လမ်းမြင့် အလင်းပြန်မြင်နိုင်တဲ့ အဝေးထိန်းဂြိုဟ်တု” လို့ ဖော်ပြထားပါတယ်။

အဲဒီဂြိုလ်တုကို မြေယာစစ်တမ်းကောက်ယူတာ၊သီးနှံထွက်နှုန်းအကဲဖြတ်တာ၊ပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊မိုးလေဝသ သတိပေးချက်နဲ့ ခန့်မှန်းချက်တွေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆင်ဟွာက ဆိုထားပါတယ်။

ဆင်ဟွာသတင်းအရ လွှတ်တင်ချိန်မှာ အဲဒီဒုံးပျံဟာ ၁၈ ဒသမ ၅ မီတာရှိပြီး ပုံမှန်အသုံးပြုတဲ့ ၁၂ ဒသမ ၂၆၇ မီတာထက် ပိုရှည်တယ်လို့ ဆိုထားပါတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.