December 26, 2023

ယူကရိန်းမှာ စစ်မှုထမ်းရမယ့်အရွယ်ကို အသက် ၂၅ နှစ် ပြောင်းလဲသတ်မှတ်ဖို့ အဆိုတင်သွင်း

ကိဗ်၊ ဒီဇင်ဘာ ၂၇ ယူကရိန်းပါလီမန်ရဲ့ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ ဥပဒေမူကြမ်းတစ်ခုအရ တိုက်ပွဲဝင်ဖို့ စည်းရုံးနိုင်တဲ့ အသက်အရွယ် ကန့်သတ်ချက်ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချဖို့ အဆိုပြုထားတာကို တွေ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူကရိန်းရဲ့ ၂၂ လကြာ ရုရှားနဲ့ တိုက်ပွဲတွေ အရှိန်ပြင်းလာချိန်မှာပဲ ဒီလိုအဆိုပြုပြောင်းလဲ သတ်မှတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့…

ဂျပန်ကားထုတ်လုပ်ရေးသမားတွေက ထိုင်းမှာ ဒေါ်လာလေးသန်းကျော်ရင်းနှီးမြှုပ်နှံမယ်

ဘန်ကောက်၊ဒီဇင်ဘာ ၂၇ ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်ရေးအဖွဲ့တွေဟာ လာမယ့် ၅ နှစ်အတွင်း ထိုင်းနိုင်ငံမှာ ဒေါ်လာ ၄ သန်းကျော်လာရောက်ရင်းနှီးမြှုပ်နှံသွားဖို့ရှိတယ်လို့ ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တိုယိုတာနဲ့ဟွန်ဒါတို့က ဘတ်ငွေသန်း ၅၀ စီရင်းနှီးမြှုပ်နှံသွားမှာဖြစ်သလို Isuzu က ဘတ်ငွေ သန်း ၃၀နဲ့ Mitsubishi က ဘတ်ငွေသန်း ၂၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရပြော ရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရိုကီက…

တောင်တရုတ်ပင်လယ်ထဲမှာ ဒုံးကျည်အန္တရာယ်ရှိတယ်လို့ တရုတ်အစိုးရ သတိပေး

ဘေဂျင်း၊ ဒီဇင်ဘာ ၂၇ လွန်ခဲ့တဲ့ ၁၁ ရက်က ပစ်လွှတ်ခဲ့တဲ့ ဖျက်အားပြင်းဒုံးကျည်ရဲ့ အကြွင်းအကျန်တွေ တောင်တရုတ်ပင်လယ်အတွင်းက ဧရိယာတစ်ခုကို ကျရောက်နိုင်တယ်လို့ တရုတ်အစိုးရက သတိပေးထားပါတယ်။ ပြန်လည်ဆင်းသက်လာချိန်မှာ လေထုအတွင်း လောင်ကျွမ်းလေ့ရှိတဲ့ ဒုံးပျံအပျက်အစီးတွေကို ဒေသစံတော်ချိန် မနက် ၁၁ နာရီနဲ့ မွန်းတည့်ချိန်အတွင်း တရုတ်နိုင်ငံ ဟိုင်းနန်ကျွန်းကမ်းရိုးတန်းကို ကျလာနိုင်တယ်လို့ တရုတ်ရေကြောင်းလုံခြုံရေး စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတာပါ။ ပြီးခဲ့တဲ့…

လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

လောင်းလုံး၊ ဒီဇင်ဘာ ၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စပ်ပြဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်နဲ့…

ဘီးလင်း နှစ်ဖက်တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနဲ့ဒေါက်ရပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကလေးငယ် ၂ ဦး သေ ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ…

ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေတယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါးတွေ အမြဲဖွင့်လှစ်ထားသလို စစ်တပ်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်က ထပ်ပြောလာပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိန့်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က…

ရေးလမ်းပိုင်းမှာ ခမရ ၄၀၆ ရဲ့ တပ်ပြောင်းပစ္စည်းတင်လာတဲ့ ကားတစ်စီးဖမ်းဆီးခံရ

ရေး၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ် ကမော့ကနင်နဲ့အောင်သာယာကျေးရွာကြား ရေး-ထာဝယ်းလမ်းပိုင်းမှာ ရေဖြူမြို့ နယ်အခြေစိုက် ခမရ ၄၀၆ ရဲ့ တပ်ပြောင်း ပစ္စည်းတင်လာတဲ့ ကားတစ်စီးဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ၊ ဒုစစ်ဒေသကွပ်ကဲရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ရေး-ထာဝယ်းပြည်ထောင်စုလမ်းမကြီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ဘုတ်ပြင်းမှာ တောရိုင်းဆင်နင်းခံရပြီး အမျိုးသား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ဘုတ်ပြင်း၊ ဒီဇင်ဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တောရိုင်းဆင်နင်းခံရတာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ငါးကျေးရွာ ဆီအုန်းခြံထဲမှာ အသက် ၃၈ နှစ်အရွယ် ကိုကျော်လွင်ဟာ…