၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံ စတင်ကျင်းပ

0
38

ရေးချောင်းဖျား ၊ ဒီဇင်ဘာ ၂၅

လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ရေးချောင်းဖျားရှိ ပါတီရဲ့ ဗဟိုဌာနချုပ်မှာ စတင်ကျင်းပနေတယ်လို့ ပါတီကနေ ည ဦးပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပါတီဥက္ကဌ နိုင်ဟံသာ၊ ဒုတိယ ဥက္ကဌ နိုင်အောင်မင်းအပါအဝင် ကိုရင်လေးဆရာတော်အပြင် အခြားသံဃာတော် ၆ ပါးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အထွေထွေ အတွင်းရေးမှူး နိုင်ဇွဲယျနဲ့ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ကတော့ အခမ်းအနားမှူးအဖြစ် တာ ဝန်ယူကြပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာပါတီ ကိုယ်စားပြုအဖြစ် ပါတီဝင် ၁၀၅ ဦး၊ ပြင်ပက ပါတီကိုယ်စားပြု ၉ ဦး ၊ အကြံပေး ၁၀ ဦးနဲ့ လေ့လာသူ ၂၈ ဦး စုစုပေါင်း ၁၅၂ ဦး တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီညီလာခံကနေ ပါတီရဲ့ ဗဟိုအလုပ်မှု‌ဆောင်ကော်မတီဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်ဖို့ ရှိနေပြီး လူငယ်၊အမျိုးသမီး၊ပညာရေး၊ကျန်းမာရေး စတဲ့ကဏ္ဍကနေ ဗဟိုကော်မတီဝင် ၆ ဦး တိုးမြှင့်ရွေးချယ်သွားဖို့ရှိတယ်လို့ မွန်ပြည်သစ်ပါတီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့၁၀ ကြိမ်မြောက် ညီလာခံမှာတော့ ဗဟိုအလုပ်မှု‌ ဆောင်ကော််တီဝင် ၉ ဦး ရွေးချယ်ခဲ့ပြီး ပါတီရဲ့ ဒုတိယ ဥက္ကဌကနေ ဥက္ကဌအဖြစ် နိုင်ဟံသာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.