December 25, 2023

ဘန်ကောက်မှာ ဇနီးနဲ့သားကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ဖခင်ဖြစ်သူအပါအဝင် ၄ ဖမ်းဆီးခံရ

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေဖြစ်ပွားပြီးနောက် ဇနီးနဲ့သားဖြစ်သူကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားစီးပွားရေးသမားတစ်ဦးနဲ့ အပေါင်းအပါ ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းမှုခင်းနှိမ်နင်းရေးဌာနခွဲ CSD ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က သံသယတရားခံ ၃ ဦးကို ဖမ်းဆီးပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ယာယီထိန်းသိမ်းထားဖို့ ရုံးတော်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။…

ပြင်သစ်လေဆိပ်မှာ ဖမ်းဆီးထားတဲ့ ခရီးသည်တင်လေယာဉ် ပြန်လည်ထွက်ခွာခွင့်ပြု 

ပါရီ၊ ဒီဇင်ဘာ ၂၆ ပြင်သစ်နိုင်ငံ ပါရီမြို့အနီးရှိ လေဆိပ်တစ်ခုမှာ အာဏာပိုင်တွေက လူကုန်ကူးမှုသံသယရှိနေလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်ကို ပြန်လည်ထွက်ခွာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဲဒီလေယာဉ်ဟာ အိန္ဒိယနိုင်ငံသား အများစုအပါအဝင် ခရီးသည်စုစုပေါင်း ၃၀၃ ဦး စီးနင်းလာခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ နီကာရာဂွာသို့ ပျံသန်းဖို့အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ရိုမေးနီးယားကုမ္ပဏီ Legend လေကြောင်းလိုင်းမှ ပြေးဆွဲတဲ့…

တရုတ်ဂျက်ဖိုက်တာလေယာဉ် ၈ စင်း ထိုင်ဝမ်ရေလက်ကြားကို ဝင်ရောက်

တိုင်ပေ၊ ဒီဇင်ဘာလ ၂၆ တရုတ်ဂျက်တိုက်လေယာဉ် ၈ စင်းနဲ့ ထောက်လှမ်းရေး ဘောလုံး ၁ လုံးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ရဲတပ်ဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တည်းက ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်စစ်တပ်က စစ်ရေးလှုပ်ရှား မှုတွေ ပြုလုပ်နေသလို ကျွန်းကိုလည်း သူတို့ရဲ့ပိုင်နက်အဖြစ် တောင်းဆိုနေတာပါ။ ၁၃ ကြိမ်မြောက် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့…

၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံ စတင်ကျင်းပ

ရေးချောင်းဖျား ၊ ဒီဇင်ဘာ ၂၅ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ရေးချောင်းဖျားရှိ ပါတီရဲ့ ဗဟိုဌာနချုပ်မှာ စတင်ကျင်းပနေတယ်လို့ ပါတီကနေ ည ဦးပိုင်းမှာ ထုတ်ပြန်လာပါတယ်။ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ပါတီဥက္ကဌ နိုင်ဟံသာ၊ ဒုတိယ ဥက္ကဌ နိုင်အောင်မင်းအပါအဝင် ကိုရင်လေးဆရာတော်အပြင် အခြားသံဃာတော် ၆…

ဂန့်ဂေါ ပျူစောထီးရွာက ထွက်ပြေးလာသူတွေထဲမှာ စစ်တပ်ဩဇာခံတွေပါဝင်လာ

ဂန့်ဂေါ – ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာကနေ ပြေးလာသူတွေထဲမှာ စစ်တပ် ဩဇာခံ လက်နက်ကိုင် ပျူစောထီး ၁၀​ ဦးဝန်းကျင်အထိပါဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီဇင်ဘာလအတွင်း လူဦးရေ ၃၀၀ ကျော်ဟာ ပျူစောထီးရွာတွေကို စွန့်ခွာပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေဆီကို ခိုလှုံလာကြတာပါ။ “အဓိက ကတော့…

စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် မြောက်ဦးပြတိုက် ရစရာမရှိအောင်ပျက်စီး

မြောက်ဦး – ဒီဇင်ဘာ ၂၅ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းပြသထားတဲ့ မြောက်ဦးပြတိုက်ကို စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြတိုက်ရဲ့၈၀ရာခိုင်နှုန်းကျော် ပျက် စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးပြတိုကလို့ လူသိများတဲ့ နန်းတော်ရာပြတိုက်ကို ဒီဇင်ဘာ ၂၄ရက် ညသန်းခေါင်ဝန်းကျင် အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ “ရှေးဟောင်းယဉ်ကျေးမှုတွေ ပါသွားတယ်။ ပြန်အဖတ်…

နောင်ကြီးအိုင်ရဲစခန်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေး

အရာတော်၊ ဒီဇင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ အ‌‌ရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG က ဒီနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်‌နေ့မှစပြီး ရဲနဲ့ စစ်ကောင်စီတပ်သား ၃၂ ဦးခန့်ဖြင့် တပ်စွဲထားတဲ့ နောင်ကြီးအိုင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်…

အမြန်လမ်းကားမှောက်မှုမှာ ဘုန်းကြီးတွေအပါအဝင် ၇ ဦးဒဏ်ရာရ

ပဲခူး – ဒီဇင်ဘာ ၂၅ အမြန်လမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ခဲ့လို့ ယာဉ်တိမ်းမှောက်ရာမှ ကိုရင်သုံးပါး ရဟန်း နှစ်ပါး အပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထား ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်ဘက်က နေပြည်တော်ကို မောင်းနှင်လာတဲ့ Toyota Hilux Surf အမျိုးအစားယာဥ်ဟာ မိုင်တိုင်အမှတ်(၅၇/၀)…