KNU မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံး ၇ ဦး ဒဏ်ရာရ

0
41

မုန်း၊ ဒီဇင်ဘာ ၁၆

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNU မုန်းမြို့နယ်ရှိ နယ်နိမိတ်ကျေးရွာထဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ကလည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေ ယာဉ်က ဝဲကြီးကျေးရွာထဲကို ရော့ကတ် ၁၂ လုံး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁ နှစ်ခွဲအရွယ် က လေး ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေလည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် KNU ကျောက်ကြီးမြို့နယ်ထဲမှာလည်း ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ သလို နွား ၁ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီး အလုံးပေါင်း ၅၀ နီးပါးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သောင်းနဲ့ချီထွက်ပြေးတိမ်း ရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.