သရက်ချောင်းမှာ ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ PDF ထံ အလင်းဝင်

0
71

သရက်ချောင်း၊ ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းက ရဲတပ်သားတစ်ဦးဟာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ရဲတပ်သား ဆိုင်းလျန်းဟာ သေနတ်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သွားရောက်ကြိုဆိုခဲ့တာပါ။

“သူဘက်ကနေ ကျွန်တော်တို့ထံ အလင်းဝင်ချင်တယ်ဆိုပြီး ဆက်သွယ်လာလို့ လက်ခံပြီး ကြိုဆိုခဲ့တယ်။ အားလုံးအဆင်ပြေပြေနဲ့ ကျွန်တော်တို့အဖွဲ့တွေဆီ ရောက်လာခဲ့တာ”လို့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ဆိုင်းသျန်းဟာ သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်တောင့် ၂၀၀ ပါရှိတဲ့အတွက် ငွေကျပ် ၃၅ သိန်း ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်သား ဆိုင်းသျန်းကိုတော့ လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ပေးထားပြီး စားဝတ်နေရေးအတွက်လည်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် တွေးဝေမနေဘဲ ပြည်သူတွေဘက်ကို အမြန်ဆုံးကူးပြောင်းလာကြဖို့ တိုက်တွန်းတာပါ။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၂၄၀ ထက်မနည်း ရှိတယ်လို့ တနင်္သာရီတိုင်း ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.