ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

0
55

မော်လမြိုင် – ဒီဇင်ဘာ ၁၁

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို မဟာမိတ်တပ်အသီးသီးက အရာရှိ၊အရာခံတွေနဲ့ အကြပ်စစ်သည်တွေ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်တွေ၊အရာရှိ၊အရာခံအကြပ်စစ်သည် ရဲဘော်တွေတက်ရောက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သင်တန်းဆင်းစစ်ကြောင်းက ချီတက်စစ်ရေးပြတာ၊ တာဝန်ရှိသူတွေက အမှာစကားပြောတာ၊ထူးချွန်စစ်သည်တွေကို ဆုချီးမြှင့်တာနဲ့ တက်ရောက်လာသူတွေကို ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်တွေပါဝင်ပါတယ်။

ထပ်မံပြီး သင်တန်းအပတ်စဉ်သစ်တွေအတွက် တာဝန်ထမ်းဆောင်ဖို့ တပ်သားသစ်တွေကို ကျောင်းသားလက်ရုံးတပ်တော်က ခေါ်ယူမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ဓာတ်ပုံ – Student Armed Force(S.A.F)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.