ရန်ကုန်က EDM ပွဲပြုလုပ်မယ့် ရွှေထွဋ်တင်ကွင်းမှာ ဗုံးပေါက်

0
118

ရန်ကုန် – ဒီဇင်ဘာ ၉

ရန်ကုန်တိုင်း၊တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်မှာရှိတဲ့ ရွှေထွဋ်တင်ကွင်း အဝင်ဂိတ် မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ကုမ္ပဏီလုံခြုံရေးတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဗုံးအမျိုးအစားဟာ လက်လုပ်ဗုံးဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

“ကျွဲရိုင်းအချိုရည်ဘူးခွံနဲ့ လုပ်ထားတဲ့လက်လုပ်ဗုံးပါ။ ထိခိုက်ဒဏ်ရာရတာတော့ တစ်ယောက် လို့သိထားတယ်။ တခြားတော့မရှိပါဘူး”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Dark Shadow တပ်ဖွဲ့နဲ့ မဟာမိတ် GOD မြို့ပြတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ထားတာဖြစ်တယ်လို့လည်း သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Waterzonic EDM ပွဲလက်မှတ်ဝယ်ထားသူတွေဟာ အဲဒီပွဲကိုမသွား တော့ဘဲ လက်မှတ်တွေပြန်လည်ရောင်းချတာတွေလည်းရှိနေပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ ရွှေထွဋ်တင်ကွင်းအတွင်းရှိ Hexagon Complex မှာ ဒီနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ည၉ နာရီမှာ Waterzonic EDM ပွဲကျင်းပမှာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.