December 4, 2023

ဟားမတ်စ်တိုက်ခိုက်မှုမှ လွတ်မြောက်လာသူတွေကို ဆိုက်ပရပ်စ်မှာ အပန်းဖြေကုသပေးဖို့ စီစဉ်

ဆိုက်ပရပ်စ်၊ ဒီဇင်ဘာ ၅ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုအတွင်း အသက်လုပြေးလွှားခဲ့ရပြီး အသက်ရှင်ကျန်နေခဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အနားယူနိုင်စေဖို့အတွက် ဆိုက်ပရပ်စ်မှာ အပန်းဖြေကုသပေးဖို့ စီစဉ်ထားတယ်လို့ စိတ်ကျန်းမာရေးကျွမ်းကျင်သူများအဖွဲ့ NovaHelp က ပြောပါတယ်။ ဒီခရီးစဉ်ကို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ NovaHelp က ကူညီပံ့ပိုးပေးတာ ဖြစ်ပြီး ငွေရေးကြေးရေး အထောက်အပံ့တွေကို စာရင်းကိုင်ကုမ္ပဏီတွေနဲ့ ဂျူးအမေရိကန်က အသင်းအဖွဲ့တွေအပါအဝင်…

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံး

ဂျာကာတာ၊ ဒီဇင်ဘာ ၅ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ကာ ပျောက်ဆုံးနေသူတွေကို လည်း ရှာဖွေနေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၃ရက်နေ့က ဆူမားတြားကျွန်းရဲ့ မာရာပီမီးတောင်ပေါက်ကွဲခဲ့တာဖြစ်ပြီးအဲဒီမီးတောင် ဟာ အမြင့်ပေ ၂၈၉၁ ကီလိုမီတာ အထိရှိကာ မီးတောင်ပြာတွေဟာ ကောင်းကင်အထက် ၃၀၀၀…

မြန်မာစစ်ဘေးဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၅ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေမြင့်တက်လာတာကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ နယ်စပ်တလျှောက်မှာ ယာယီဒုက္ခသည်စခန်းတွေ တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ပြောပါတယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး အစုအဖွဲ့အားလုံး အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ကြဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါ တယ်။ “လက်ရှိအခြေအနေမှာတော့ ဒုက္ခသည်တွေအစုလိုက်အပြုံလိုက် ဝင်ရောက်မှုဟာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အခုချိန်ကစလို့…

မုန်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းအားလုံးကို KNU သိမ်းပိုက်ရရှိတပ်ရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားအများအပြား လက်နက်ချ အညံ့ခံ

မုန်း – ဒီဇင်ဘာ ၄ KNU တပ်မဟာ ၃ နယ်မြေ မုန်း မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ-၅၉၉၊ခမရ ၅၉၀၊ မုန်း မြို့မ ရဲစခန်းနဲ့ တံတားထပ်ဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်တွေဟာ ဒီနေ့ ဒီဇင်ဘာလ၄ရက် ညနေ ၅နာရီခွဲမှာ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ…

မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ အရာရှိအပါအဝင် ၃ ဦး သေဆုံး

ကျိုက်ထို – ဒီဇင်ဘာ ၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ မုပ္ပလင်စစ်ဆေးရေး ဂိတ်ကို မနေ့ ဒီဇင်ဘာ…

စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ကရင်နီစစ်ရှောင်တွေ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ခံနေရ

လွိုင်ကော် – ဒီဇင်ဘာ ၄ ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့ မြေပြင်ပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်မှု နဲ့ ရင်ဆိုင်နေရတဲ့အတွက် စစ်ဘေးရှောင်တွေဟာအခက်အခဲဖြစ်နေကြတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တွေဘက်က ဝင်ရောက်သိမ်းပိုက်ပြီးနောက် ဒီနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်တွေဟာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့…

အုတ်ဖိုမှာ စစ်ကောင်စီတပ်သားတစ်ဦးကိုလက်နက်နဲ့အတူ ဖမ်းဆီးရမိ ထိန်းသိမ်းထားစဉ်ထွက်ပြေးလို့ ပစ်ခတ်ချိန်သေဆုံး

အုတ်ဖို – ဒီဇင်ဘာ ၄ ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်၊ လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးကို သာယာဝတီခိုင် PDF တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၅ က ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာ တပ်သား ရောဆက် ဆိုသူကို MA-3 သေနတ် ၁လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူး PDF က အသိပေးထားပါတယ်။…

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ခူးဒန်နီရယ်နဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့(စကစ)ကတော့ အထိနာထားတဲ့ အနေအထားမျိုးရှိတယ်။ စခန်းတွေတော်တော်များများ သိမ်းခံရတဲ့ အနေအထားမျိုးရှိတော့ ရန်သူရယ်၊ လူထုရယ် မခွဲတော့ပဲ အနိုင်ကျင့်နေတယ်” ကရင်နီတော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ ၁၁.၁၁ စစ်ဆင်ရေးနဲ့အတူ ကရင်နီပြည်နယ် လွိုင် ကော်မြို့သိမ်း တိုက်ပွဲဆင်နွှဲနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကလွဲပြီး ကျန်ဒေသအ များစုကို ထိန်းချုပ်ထားပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေ အခြေချရာ နေပြည်တော်နဲ့ မိုင် ၇၀ လောက်သာဝေးတဲ့ လွိုင်ကော်မြို့ကို…