မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ “ငါးဆယ်တန်၊တစ်ရာတန် ငွေစက္ကူများအား တရားဝင်ငွေကြေးအဖြစ်မှ ရပ်စဲဆိုတဲ့ အမိန့်စာအတု” ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စက်တင်ဘာလ၂၉ ရက်နေ့က ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
အဆိုပါငွေစက္ကူတွေကို တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲမည်ဆိုတဲ့ အမိန့်စာအတုတွေဖြစ်ကြောင်း စစ်ကောင်စီ သတင်းပြန်ရေးအဖွဲ့ကလည်း စက်တင်ဘာ၃၀ရက်တွင် စစ်တပ်လက်အောက်ခံသတင်းဌာနများကနေ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ယုံကြည်ရတဲ့ သတင်းဌာနတွေကလည်း ဒီအကြောင်းအရာဟာ အတုသာဖြစ်ကြောင်း သတင်းရေးသားထားကြပါတယ်။
BURMAVJ သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်
DAWEI WATCH သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေကြတဲ့ ” ငါးဆယ်တန်၊တစ်ရာတန် ငွေစက္ကူများအား တရားဝင်ငွေကြေးအဖြစ်မှ ရပ်စဲဆိုတဲ့ အမိန့်စာအတု” ဆိုတဲ့အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်