ကွာလာလမ်ပူ၊ အောက်တိုဘာ(၁)
မလေးရှားနိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အစိုးရက အကောင်းဆုံးလုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့ပါတယ်။
လူနေမှုကုန်ကျစရိတ်တွေ မြင့်တက်လာမှုဟာ လူတိုင်းရဲ့အခက်အခဲတွေအဖြစ် မစ္စတာအန်ဝါက အသိအမှတ် ပြုပြောဆိုခဲ့တာပါ။
“ပြဿနာရှိနေတာကို ကျွန်တော်ဝန်ခံတယ်။ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေတယ်” လို့ နှစ်ပတ်လည် အခမ်းအနား တစ်ခုကို တက်ရောက်စဉ် သူကပြောကြားခဲ့ပါတယ်။
မလေးရှားအစိုးရက အများသူငှာ အသုံးစရိတ်ကို ထိခိုက်စေတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေကြောင်း မစ္စတာအန်ဝါက အာမခံခဲ့တာပါ။
ပြည်တွင်းကုန်သွယ်မှုဝန်ကြီးနဲ့ ဒုဝန်ကြီးတို့က အဲဒီကိစ္စရပ်ကို စစ်ဆေးနေကြောင်းဆိုခဲ့ပြီး ဒုတိယဝန်ကြီး ချုပ်က လူနေမှုဆိုင်ရာ နိုင်ငံတော်အဆင့်ဖော်ဆောင်မှုကော်မတီ အစည်းအဝေးမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကိစ္စကို တင်ပြဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် မစ္စတာအန်ဝါက ထပ်လောင်းပြောပါတယ်။
“အချို့နိုင်ငံတွေဟာ ဆန်တင်ပို့မှု ကန့်သတ်မှုတွေနဲ့ ကြက်သွန်နီအပေါ် ပို့ကုန်ခွန်တိုးမြှင့်မှုတွေကြောင့် ကြီး မားတဲ့ လူမှုရေးမငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” လို့ မစ္စတာ အန်ဝါက ဆိုပါတယ်။
“ဒါတွေအားလုံးက စီးပွားရေးအရ သက်ရောက်မှုရှိပြီး ဒီကိစ္စကိုဖြေရှင်းနေပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဌာနက အဆင်သင့်ဖြစ်နေပါပြီ။ ပြည်သူတွေကို အကူအညီတွေ ဆက်ပေးသွားမှာပါ” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာအန်ဝါက ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ရည်မှန်းထားတဲ့ ထောက်ပံ့ငွေတွေ အကောင်အထည်ဖော်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အောက်တို ဘာလအတွင်း ကျင်းပမယ့် ဒုတိယအကြိမ် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒမူဘောင်အစည်းအဝေးမှာ တင်ပြမည်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ထောက်ပံ့မှုတွေကို ကြေညာတဲ့အခါ မကြာခဏ ပစ်ပယ်ခံရတဲ့ အလယ်အ လတ်တန်းစား ဝင်ငွေရှိတဲ့အုပ်စုဖြစ်တဲ့ M40 အုပ်စုအတွက် ပြည်ထောင်စုဘတ်ဂျက်ထဲမှာ ပါဝင်စေချင်ပါတယ် လို့လည်း သူကဆိုခဲ့ပါတယ်။
M40 အုပ်စုဟာ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေချိန်မှာ ရုန်းကန်နေရပြီး ဘဏ္ဍာရေး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဲဒီအစုအဖွဲ့ဟာ အစိုးရထံက အကူအညီရရှိမှု နည်းပါးနေတယ်လို့လည်း ဆိုပါတယ်။
ကျွမ်းကျင်သူတွေက M40 အုပ်စု တွက် လူနေမှုစရိတ်တွေ မြင့်တက်လာမှုကို သက်သာစေဖို့ ငွေသားလွှဲ ပြောင်းခြင်းနဲ့ အမှန်တကယ် ရုန်းကန်နေရသူတွေကို ကူညီပေးမယ့် ထောက်ပံ့မှုဆိုင်ရာ လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးဖို့လည်း အကြံပြုထားပါတယ်။
Ref: Strait Times