ရန်ကုန်၊ အောက်တိုဘာ(၁)

လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေအကြောင်း ရိုက်ကူးထားတဲ့ တရုတ်နိုင်ငံ အတွင်း ရေပန်းစားတဲ့ ရုပ်ရှင် No More Bets ကို မြန်မာစစ်ကောင်စီက သူတို့ရဲ့ဂုဏ်သိက္ခာညှိုးနွမ်း စေတာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

တရုတ်ရုပ်ရှင် No More Bets ရဲ့ ထွေလာပြကွက်တွေထဲမှာတော့ ကွန်ပျူတာ Programmer တစ်ယောက်ဟာ အမည်မဖော်ပြထားတဲ့ အရှေ့တောင်အာရှနိုင်ငံကို အွန်လိုင်းငွေလိမ်တဲ့အလုပ်အတွက် လူကုန်ကူးခံခဲ့ရတဲ့အကြောင်း ရိုက်ကူးထားတာပါ။ 

အဲဒီရုပ်ရှင်ထဲမှာ မြန်မာနိုင်ငံလို့ အမည်ဖော်ပြထားခြင်းမရှိသလို တရုတ်နိုင်ငံသားတွေကို တရားမဝင်အွန်လိုင်း ငွေကြေးလိမ်လည်လုပ်ကိုင်ဖို့ လူကုန်ကူးခံရတယ်လို့ ဘေဂျင်းအစိုးရက ပြောဆိုထားတဲ့ မြန်မာမြောက်ပိုင်းဒေသ ဥပဒေမဲ့နေရာတွေအတိုင်း ဆင်တူနေတဲ့ ပြကွက်တွေလည်း ပါဝင်နေပါတယ်။

ဒီလိုပြကွက်တွေကြောင့် စစ်ကောင်စီဟာ သူ့ကိုလက်နက်ထောက်ပံ့သူ အဓိကမဟာမိတ်ဖြစ်တဲ့ ဘေဂျင်းကို ဒေါသထွက်စေခဲ့တာပါ။ စစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ အထီးကျန်ဆန်နေတာလည်း ဖြစ် ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ the Global New Light of Myanmar သတင်းစာဖော်ပြချက်အရ တရုတ်နိုင်ငံအနောက်တောင် ပိုင်းနန်နင်းရှိ စစ်အစိုးရရဲ့ ကောင်စစ်ဝန်ချုပ်ဟာ တရုတ်နိုင်ငံမှရိုက်ကူးပြီး တရုတ်နဲ့ ကမ္ဘာ့အနှံ့ထုတ်လွှင့်ပြ သမယ့်ရုပ်ရှင်မှာ မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ပြောကြားခဲ့ကြောင်းပါရှိပါတယ်။

အခုသီတင်းပတ်အစောပိုင်းက အဲဒီကောင်စစ်ဝန်ချုပ်ဟာ ဂွမ်ဇီမှာရှိနေတဲ့ တရုတ်အစိုးရကို ပြောကြားရာမှာ “ရုပ်ရှင်ဇာတ်လမ်းဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေပြီး တရုတ်နိုင်ငံသားတွေပင် မြန်မာနိုင်ငံကို အလည် အပတ်သွားရောက်ဖို့ စိုးရိမ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်”လို့ ပါရှိပါတယ်။

သြဂုတ်လအတွင်း ထုတ်လွှင့်ခဲ့တဲ့ No More Bets ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ရဲ့ ၃ ခုမြောက်သော အောင်မြင်မှုအများဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး ယွမ်ငွေ ၁ ဒသမ ၈ ဘီလီယမ်အထိ အအောင်မြင်နေခဲ့ပါတယ်။

ဒီရုပ်ရှင်ကိုကြည့်ပြီး အရှေ့တောင်အာရှနိုင်ငံထဲက မြန်မာနိုင်ငံသို့ လည်အပတ်သွားရင်း အန္တရာယ်ကြုံ တွေ့ရတတ်ပုံကို အွန်လိုင်းပေါ်မှာ ဆွေးနွေးမှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

No More Bets ရုပ်ရှင်ကား မထုတ်လွှင့်ခင်တစ်လအလိုမှာပဲ တရုတ်နိုင်ငံသားတွေကို ဦးတည်ထားနေတဲ့ နယ်စပ်ဒေသက ဥပဒေမဲ့ အွန်လိုင်းငွေကြေးစင်တာတွေကို အမြစ်ဖြတ်ရှင်းလင်းဖို့ တရုတ်အစိုးရက မြန်မာစစ်ကောင်စီထံ ပြောကြားခဲ့ဖူးပါတယ်။

No More Bets ရုပ်ရှင်ကိုတော့ မြန်မာနိုင်ငံအတွင်းက ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

Ref – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.