August 2023

ဘားအံစစ်ဆေးရေးဂိတ် ကားဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ

ဘားအံ၊ သြဂုတ်(၁) အစစ်ဆေးကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ် ကားဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားမော်တော်ယာဉ်တွေကို…

မြိတ်ကစီးပွားရေးလုပ်ငန်ရှင်ကြီး ၆ ဦးကို စစ်ကောင်စီခေါ်

မြိတ်၊ သြဂုတ်(၁) တနင်္သာရီတိုင်းရဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိ ၃ ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး ၆ ဦး ခေါ်ယူစစ်ဆေးခံနေရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ဝင်းကျော်သူနဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကစပြီး နေပြည်တော်မှာ…

စစ်အာဏာသိမ်း (၉၁၁)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၅၇ ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁) AAPP ရဲ့ ဇူလိုင်(၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၁၁)ရက်အတွင်း ပြည်သူ (၃၈၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၁၂၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မွန်၊ ကရင်နဲ့ တနင်္သာရီမှာ တောင်မြေပြိုမှုဘေး အထူးသတိထားဖို့တိုက်တွန်း

မော်လမြိုင်၊ သြဂုတ်(၁) မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုဘေးအန္တရာယ်ကို အထူးသတိထားကြဖို့ မိုးဇလပညာရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်တာပါ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်တဲ့အတွက် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၃၁ ရက်နေ့မှာ…

သထုံတိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

သထုံ၊ သြဂုတ်(၁) မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး သထုံမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နေ့စဉ် ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေအတွင်း ကျေးရွာတွေထဲကို…