ပြုံယမ်း – စက်တင်ဘာ(၁)
မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားမှာရှိတဲ့ ပစ်မှတ်တွေကို ပုံစံတူပြုလုပ်ပြီး မြေလှန် စနစ်နဲ့ နျူကလီးယားတိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်က နျူကလီးယား တိုက်ခိုက်ဖို့ အစီအစဉ်ရှိနေတဲ့အတွက် အခုလိုပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုထားတာပါ။
ဒုံးကျည်တပ်ဖွဲ့ဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပြီး နျူကလီးယားတိုက်ခိုက်မှုမစ်ရှင်ကို မှန်ကန်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ပြည်သူ့တပ်မတော်(KPA) ရဲ့ ထုတ်ပြန် ချက်ကို ကိုးကားပြီး KCNAသတင်းဌာနက ဖော်ပြထားပါတယ်။
KPA ဟာ ဩဂုတ်လ(၃၀) ရက်နေ့ ညပိုင်းမှာ ROK စစ်ဘက်ဂိုဏ်းသားတွေရဲ့ အဓိက ကွပ်ကဲမှု စင်တာတွေနဲ့ စစ်ဆင်ရေးလေယာဉ်ကွင်းတွေကို မြေလှန်တိုက်ခိုက်ခြင်းကို ပုံဖော်တဲ့ နည်းဗျူဟာ မြောက် နျူကလီးယားတိုက်ခိုက်မှု စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား ရဲ့ တရားဝင်အမည်ဖြစ်တဲ့ Korea Republic of Korea ရဲ့အမည်အတိုကောက်ကိုအသုံးပြုခဲ့တာ ပါ။
မဟာမိတ်လေကြောင်းလေ့ကျင့်မှုတွေအတွက် အမေရိကန်က B-1B ဗုံးကြဲလေယာဉ်တွေတပ် ဖြန့်ပြီး နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲ ပစ်ခတ်ခဲ့တဘ်လို့ တောင်ကိုရီးယားစစ်တပ်ဘက်က ပြောထားပါတယ်။
စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုအဖြစ် ပြုံယမ်းက ရှုတ်ချခဲ့တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် တို့ရဲ့(၁၁)ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု မပြီးဆုံးခင် တစ်ရက်အလိုမှာ နောက်ဆုံး ပစ်လွှတ်မှု ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က တောင်ဘက်ခြမ်းနဲ့ လုံးလုံးလျားလျားစစ်ပွဲအတွက် ပြင်ဆင်ဖို့ ရည်ရွယ်တဲ့ စစ်တပ်တစ်ခုလုံးရဲ့ ကွပ်ကဲရေးမှူးတွေနဲ့ ဝန်ထမ်းတွေအားလုံးပါဝင်တဲ့ စစ်ရေးလေ့ ကျင့်မှုကို ဩဂုတ်လ(၂၉) ရက်နေ့က ကြည့်ရှုခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါ တယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော်မှုကိုတွန်းလှန်ပြီး တောင်ပိုင်းရဲ့ နယ်မြေတစ်ဝက်ရဲ့ ပိုင်နက်တစ်ခုလုံးကို သိမ်းပိုက်ဖို့ တန်ပြန်တိုက်ခိုက်ခြင်းကို စတင်ခဲ့တာလို့ ဆိုထားပါတယ်။
Ref:CNA