ပေကျင်း – စက်တင်ဘာ(၁)
ဒုတိယကမ္ဘာစစ်ကာလအတွက်းက ဂျပန်ကျူးကျော်စစ်ကို တိုက်ခိုက်ဖို့တရုတ်နဲ့အတူတိုက်ပွဲဝင် ခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇပ်စတဲလ်ဝဲရဲ့ အသက်(၁၄၀) မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သမ္မတရှီက မြေးဖြစ်သူထံကို စာပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ချီးကျူးသလို တရုတ်အစိုးရနဲ့ နှစ်ပေါင်းရှည်ကြာ ဆက်ဆံရေးဖလှယ်ထားနိုင်တဲ့ မိသားစုကို ကျေးဇူးတင်တယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီးရဲ့ မြေးဖြစ်သူကို ပေးပို့ခဲ့တဲ့စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အနောက်တောင်ဘက် ချွန်ကျင်းမြူနီစပယ်မှာ ပြုလုပ်တဲ့ စတဲလ်ဝဲရဲ့ အသက်(၁၄၀) မြောက်နှစ်ပတ်လည် အထိမ်အမှတ်ပွဲတော်အကြောင်းကိုလည်း ပေးစာမှာ ဖော်ပြ ထားပြီး တရုတ်အမေရိကန် ချစ်ကြည်ရင်းနှီးမှုရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တဲ့ ဒီအခြေအနေ ဟာ သက်ဆိုင်ရာမိသားစုရဲ့ မျိုးဆက်(၅)ခုမြောက်အထိသယ်ဆောင်ထားနိုင်တဲ့အတွက် ဝမ်းသာ ပါကြောင်းလို့လည်းဆိုထားပါတယ်။
အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇပ်စတဲလ်ဝဲရဲ့ (၄၂) နှစ်ကြာ စစ်မှုထမ်းကာလအတွင်း တရုတ်ပြည် ကို (၅)ကြိမ်တိုင်လည်ပတ်ခဲ့သလို (၁၂) နှစ်ကျော်ကြာ နေထိုင်ခဲ့တာပါ။
ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်၊ဗမာ၊အိန္ဒိယနယ်စပ်မှာ စစ်မှုထမ်းချိန် ဂျပန် ကျုးကျော် စစ်ကို တိုက်ခိုက်ဖို့အတွက် တရုတ်ပြည်သူတွေရဲ့ ခုခံစစ်ကို ကူညီပေးခဲ့သလို သူ့ရဲ့ပံ့ပိုးပါဝင်မှု ကြောင့် တရုတ်ပြည်သူတွေဟာ အောင်မြင်မှုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း စတဲလ်ဝဲဟာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နဲ့ ပုခုံးချင်းဖက် ယှဉ်တိုက် ခိုက်နိုင်တဲ့အတွက် ဆုတံဆိပ်တစ်ခုရရှိခဲ့ပါသေးတယ်။
အသက်(၈၃) နှစ်အတွက် အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇပ်စတဲလ်ဝဲရဲ့ မြေးဖြစ်သူက “တရုတ်လူ မျိုးများဟာ သူငယ်ချင်းတစ်ယောက်ကို မမေ့တတ်ပါဘူး။ တရုတ်နှင့် စတဲလ်ဝဲ၏ ချစ်ကြည်မှု အမွေအနှစ်တွေကို သတိတရရှိသင့်ပြီး (အလားတူတည်ဆောက်) သင့်ပါတယ်”လို့ ပြောခဲ့ပါ တယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သမ္မတရှီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် မရောက်ခင် ရောက်ရှိလာတဲ့ ဘီလျံနာဘေဂိတ်ကို သူ့ရဲ့ အမေရိကန်သူငယ်ချင်းလို့ ဆိုထားပါ တယ်။
ဒါ့အပြင် သမ္မတရှီက “ကျွန်ုပ်တို့အနေနဲ့ အမေရိကန်လူမျိုးတွေကို အားကိုရပါတယ်ပြီးတော့ ၂ နိုင်ငံ လူထုရဲ့ ဆက်ဆံရေးတွေဟာလည်း ရှည်ကြာတဲ့ ချစ်ကြည်မှု ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Ref:CGTN