ဗြိတိသျှပြတိုက်က ခိုးယူခံထားရတဲ့ ရှေးဟောင်းပစ္စည်း (၂၀၀၀) ခန့်ကို ပြန်လည်ရှာဖွေနေ

0
1648

လန်ဒန် – ဩဂုတ်(၂၇)

ဗြိတိသျှပြတိုက်က အချိန်အတော်ကြာ ခိုးယူခံထားရတဲ့ လက်ဝတ်ရတနာတွေအပါအဝင် ရှေး ဟောင်းပစ္စည်းပေါင်း(၂၀၀၀) ခန့်ကို ပြန်လည်ရှာဖွောရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြတိုက် ဥက္ကဋ္ဌ ဂျော့အော့စ်ဘွန်းက ဩဂုတ်လ(၂၆) ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

လန်ဒန်ရဲ့ အကျော်ကြားဆုံး အထင်ကရနေရာတွေထဲက ပြတိုက်တစ်ခုဖြစ်တဲ့ Rosetta Stone နဲ့ တခြားသောစာသားတွေနဲ့ ရေးထိုးထားတဲ့ ရှေးအီဂျစ်တို့ရဲ့ အမွေအနှစ်တစ်ခုပါဝင်ပြသထားတဲ့ ပြတိုက်မှာ ဘီစီ(၁၅) ရာစုကနေ အေဒီ(၁၉) ရာစုအထိ ပစ္စည်းတွေကို သိုလှောင်ခန်းက ခိုးယူခံရ ပြီးနောက် ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးကို ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ 

ပြတိုက်ဒါရိုက်တာ ဖစ်ချာကလည်း စုဆောင်းခံထားရတဲ့ ပစ္စည်းတွေ ခိုးယူခံရတာနဲ့ ပတ်သက် ပြီး စုံစမ်းစစ်ဆေးမှုမှာ ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံထားသလို ရာထူးကနုတ်ထွက်မှာဖြစ်တယ်လို့ ဆိုထားတာပါ။

ဗြိတိသျှဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်တဲ့ ပြတိုက်ဥက္ကဋ္ဌ အော့စ်ဘွန်းက ပြတိုက်တွေရဲ့ စုဆောင်းမှုအားလုံးကို စနစ်တကျ စာရင်းပြုစုထားတာ ဒါမှမဟုတ် စာရင်းသွင်းထားတာ မဟုတ်တာကြောင့် နှစ်ပေါင်းရာနဲ့ချီ စုဆောင်းထားတဲ့ အဖွဲ့အစည်းကြီးတွေမှာ ထူးခြားတဲ့ အခြေအနေမဟုတ်ဘူးလို့ BBC ရေဒီယိုကို ပြောထားပါတယ်။

ပစ္စည်းတွေ ခိုးယူခံရတာကို သိရှိဖို့ မှုခင်းဆေးပညာစုံစမ်းမှုတစ်ခု လုပ်ဆောင်နေတယ်လို့ သူက ဆိုထားပြီး “ပစ္စည်း အရေအတွက် (၂၀၀၀) လောက်ရှိမယ်ထင်တယ်၊ ဒါပေမယ့် ကျွန်တော်ပြော ရမှာက ဒါက ယာယီကိန်းဂဏန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ဆက်လက်ရှာဖွေနေဆဲပါ”  လို့ပြောခဲ့ ပါတယ်။ 

“ကျွန်တော်တို့ ခိုးယူခံထားရတဲ့ ပစ္စည်းတချို့ကို စတင်ရှာဖွေရယူနေပါပြီ” လို့ အသေးစိတ် အချက်အလက်တွေပို ဖော်ပြထားတာမရှိဘဲ သူကထပ်မံပြောခဲ့ပါတယ်။

ပြတိုက်အတွင်း ခိုးယူမှုတွေဖြစ်ပွားနေတယ်လို့ ၂၀၂၁ ခုနှစ်က သတိပေးချက်တွေကို ပယ်ချပြီး နောက် တမင်တကာ ဖုံးကွယ်ထားတာမရှိဘူးလို့ ပြတိုက်ဥက္ကဋ္ဌ ကတုံ့ပြန်ထားပါတယ်။ 

ဒါပေမယ့် အတွင်းလူခိုးယူမှုလို့ မယုံကြည်တဲ့ အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းက ဖြစ်နိုင်ချေရှိတဲ့ အစုအဖွဲ့ရဲ့ ထင်မြင်ချက်တွေလည်း ရှိနေတာပါ။ 

ခိုးယူခံရမှုတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေကို ယုံကြည်စိတ်ချရတဲ့ ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တဲ့ ကြီးမားတဲ့ ပြတိုက်ရဲ့ ဂုဏ်သိက္ခာကိုလည်း သေချာပေါက် ထိခိုက်စေခဲ့ကာ “အဲဒါကြောင့် ပြတိုက်ကိုယ်စား တောင်းပန်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးကို ခိုးယူခံရတဲ့ ပစ္စည်းတွေ နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းတာတွေရှိခဲ့ပေမယ့် တရားစွဲဆိုထားတာတော့ မရှိဘူးလို့ ဩဂုတ်လ(၂၄) ရက်နေ့က ပြောထားပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.