July 2023

“စစ်အာဏာရှင်တွေကိုပေါင်းပြီးတော့ သူတို့(ခရိုနီတွေ)ကလည်း ဘုရားအကြောင်းပြပြီး စစ်အာဏာရှင်လက် နက်ဝယ်ဖို့ စစ်အာဏာရှင်ကို ဒေါက်ထောက်ဖို့လုပ်လိုက်တာပါပဲ”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထားကိုးကွယ်တဲ့ နေပြည်တော်က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအတွက် မြန်မာနိုင်ငံကခရိုနီကြီး ၁၀၁ ဦးတို့က ဇွန် ၂၉ ရက်နေ့ တစ်မနက်တည်းမှာ ကျပ် ၁၆ ဘီလီယံကျော် လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒီပမာဏက ရခိုင်မှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းအပြီး နောက်တစ်နေ့မှာ အလှူခံရရှိခဲ့တဲ့ ကျပ်ငွေ ၁၃ ဘီလီယံကျော်ထက်တောင် များပြားနေသေးတဲ့ ပမာဏဖြစ်ပါတယ်။ ဒီလိုခရိုနီတွေက…

နိုင်ငံအဝှမ်း အဓိကရုဏ်းခြောက်ကြိမ်မြောက်အပြီးမှာ ပြင်သစ်သမ္မတမာခရွန် မြို့တော်ဝန်၂၂၀ဦးနဲ့ တွေ့ဆုံမယ်

ပဲရစ်၊ ဇူလိုင်(၄) ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရွန်ဟာ အသက် ၁၇ နှစ်အရွယ် နာဟယ်အမ် သေဆုံးပြီးနောက် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မြို့တွေရဲ့မြို့တော်ဝန် (၂၂၀) ဦးနဲ့ ဇူလိုင် (၄) ရက်နေ့မှာ တွေ့ဆုံ မှာဖြစ်တယ်လို့ France 24 သတင်းဌာနက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ (၅)ရက်က မြို့ကြီးတွေမှာဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုတွေကို နှိမ်နင်းဖို့ကြိုးပမ်းနေတဲ့ ပြည်ထဲရေး…

တက်ကြွလှုပ်ရှားသူ (၈) ဦးကို ဟောင်ကောင်ဒေါ်လာ (၁) သန်းစုငွေထုတ်

ဟောင်ကောင် – ဇူလိုင်(၄) ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ တက်ကြွလှုပ်ရှားသူ (၈) ဦးကို အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုတွေနဲ့ စွဲချက်တင်ပြီးနောက် ဖမ်းဆီးရမိဖို့ သတင်းပေးသူတွေကို ဆုငွေချီးမြင့်သွားမယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်၊ဗြိတိန်နဲ့ ဩစတြေးလျ နိုင်ငံတို့မှာ ရောက်ရှိနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က အလိုရှိကြောင်း သတိပေးစာထုတ်ပြန်ထားပြီး တစ်ဦးစီအတွက် သတင်းပေးရင် ဟောင်ကောင်ဒေါ်လာ(၁)သန်းအထိ…

Move Forward ပါတီက အစိုးရသစ်ဖွဲဖို့ ကြိုးပမ်းနေချိန် ထိုင်းပါလီမန် ကျင်းပမယ်

ဘန်ကောက် – ဇူလိုင်(၄) Move Forward ပါတီကရွေးကောက်ပွဲ အနိုင်ရပြီးနောက် အစိုးရသစ်ဖွဲ့ဖို့ ကြိုးပမ်းနေချိန်မှာ ထိုင်းဘုရင်မဟာဗာဂျီရာလောင်ကွန်းဟာ ပါလီမန်ဖွင့်ပွဲ ကျင်းပခဲ့တယ်လို့ ရိုက်တာ သတင်း ဌာနကဖော်ပြထားပါတယ်။ ဦးဆောင်မှု အခန်းကဏ္ဍနေရာဝေစုကို အနိုင်ရပြီးနောက် ပါလီမန်မှာ လူကြိုက်များတဲ့ ဖွေထိုင်း ပါတီနဲ့ ပါလီမန်မှာ ပူးပေါင်းကာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးတည်းက အစိုးရကို ချုပ်ကိုင် ထားတဲ့…

ရခိုင်ပြည်နယ်ထဲမှာ AA အရာရှိသင်တန်း ပထမဆုံးအကြိမ်ပြုလုပ်

စစ်တွေ – ဇူလိုင်(၃) ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပထမဆုံးအကြိမ် အရာရှိသင်တန်းပြုလုပ်ကာ ဇွန်လ(၁၉) ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ သင်တန်းကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဇွန်လ(၁၉) ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲမှာ (၇) လကျော်ကြာပြုလုပ်ခဲ့ပြီး သင်တန်းသား(၃၂၆) ဦးတက်ရောက်ခဲ့တာပါ။ အရာရှိသင်တန်းကို အနာဂတ် AA…

ဘီးလင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရလို့ (၇) ဦးသေဆုံး

ဘီးလင်း – ဇူလိုင်(၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက နေရာ(၃) နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်မှုမှာ (၇) ဦးသေဆုံးပြီး (၁၁)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNU သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကိုလာတဲ့ စစ်ကား (၅) စီးပါ ယာဉ်တန်းကို…

ရခိုင်ပြည်နယ်က မီးလိုင်းတွေပြုပြင်တာ ပြီးစီးတော့မယ်ဆိုတဲ့ စစ်ကောင်စီထုတ်ပြန်ချက် လိမ်လည်မှုသာဖြစ်

စစ်တွေ – ဇူလိုင်(၁) ရခိုင်ပြည်နယ်မှာ မုန်တိုင်ကြောင့်မြို့တွေနဲ့ ကျေးရွာတွေက ပျက်စီးသွားတဲ့ မီးလိုင်းတွေကို ပြုပြင်ထိန်းသိမ်းတာ (၅၀) ရာခိုင်နှုန်းပြီးစီးသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်လာတာဟာ လိမ်လည်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အခုချိန်ထိ လျှပ်စစ်မီးမရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီး (၂) လဝန်းကျင်အထိ ဒေသခံတွေဟာ လျှပ်စစ်မီးမရရှိသေးဘဲ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်ကိုသာ အဓိကအားထားနေရတာပါ။ ဆိုလာကိုအဓိကအားကိုးပြီး အသုံးပြုနေရပေမယ့် လက်ရှိအချိန်ဟာ…