တရုတ်မှာ မတ်လအတွင်း လူငယ်အလုပ်လက်မဲ့ ရာခိုင်နှုန်း ၄၅.၅ ရာခိုင်နှုန်းအထိရှိလာ

0
2402

ဘေဂျင်း- ဇူလိုင်(၂၁) 

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့မတ်လအတွင်း လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၅၀ရာခိုင်နှုန်း နီးပါးရှိလာကြောင်း တရုတ်ပါမောက္ခတစ်ဦးက တရားဝင်ထောက်ပြခဲ့ပြီးနောက် ဆွေးနွေး ငြင်းခုံမှုတွေမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ 

ဒီလိုငြင်းခုံမှုတွေဖြစ်ခဲ့ပေမယ့်လည်း ပါမောက္ခရဲ့ပြောကြားချက်ကြောင့် လုပ်သားဈေးကွက် အားနည်းမှုကို အာရုံထားစေဖို့လည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

နိုင်ငံရဲ့ စာရင်းအင်းဗျူရိုရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား အသက် အရွယ်ရှိသူတွေရဲ့ တစ်လအတွင်း အလုပ်လက်မဲ့နှုန်းဟာ ၁၉.၇ ရာခိုင်နှုန်းရှိပြီး ပါမောက္ခ Zhangရဲ့ နှုန်းထက် ထက်ဝက် နည်းပါးနေတာကို တွေ့ရပါတယ်။ 

ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုမှာ ပါမောက္ခZhangရဲ့ ရေးသားချက်မှာတော့ အိမ်မှာပဲအိပ်နေပြီး မိဘ တွေအပေါ်မှီခိုနေတဲ့ ကျောင်းသူကျောင်းသား မဟုတ်တဲ့ လူဦးရေ၁၆ မီလီယမ်ကို ပါထည့်သွင်းတွက်ချက်ပါက တရုတ်နိုင်ငံအတွင်း လူငယ်အလုပ်လက်မဲ့ နှုန်းထားဟာ ၆.၅ ရာခိုင်နှုန်းရှိမယ်လို့ ပြောကြားထားခဲ့တာပါ။

 အလုပ်ရှာနေသူတွေကိုသာ အဓိကထည့်သွင်းထားတဲ့ တရားဝင်လူငယ်အလုပ်လက်မဲ့နှုန်းဟာ ဇွန်လမှာ စံချိန်တင် ၂၁.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

 ဒါ့အပြင် တရုတ်ရဲ့မူဝါဒပြဌာန်းသူတွေဟာ ကိုဗစ်ကာလကတည်းက စတင်ပြီး နိုင်ငံ့စီးပွားရေးကို ပိုမိုတည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ရောက်ရှိ အောင် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

ပါမောက္ခZhangရဲ့ သုတေသနဟာ တရုတ်အရှေ့ဘက်ရှိ စက်မှုလုပ်ငန်းအချက်အချာ ဒေသတွေအပေါ် ရောဂါ ပျံ့နှံ့ကူးစက်မှုရဲ့ အကျိုးဆက်တွေအပေါ် အာရုံစိုက် လေ့လာ ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပါမောက္ခZhang က “ဒေသအတွင်းမှာရှိတဲ့ အလုပ်လုပ်ကိုင်မှုနှုန်းထားဟာ မတ်လအထိတိုင် ကိုဗစ်မတိုင်ခင် အခြေအနေရဲ့ သုံးပုံ နှစ်ပုံထိသာ ပြန်လည် ကုစားနိုင်ပါသေးတယ်။ 

စက်မှုထုတ်လုပ်မှုကဏ္ဍတွေမှာ အများ စုဟာ လူငယ်တွေပဲဖြစ်ကြတော့ သူတို့က ဆိုးဆိုးရွားရွားထိခိုက်ခံခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သင်ကြားရေး၊ အိမ်ခြံမြေ၊ အွန်လိုင်းကဏ္ဍတွေနဲ့ ဆက်စပ်တဲ့ ၂၀၂၁ ခုနှစ်အတွင်း မိတ်ဆက်ခဲ့သော နည်းဥပဒေတွေဟာ လူငယ်လုပ်သားတွေနဲ့ ပညာတတ်တွေအတွက် အချိုး မညီမျှမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သူက ဆိုပါတယ်။ 

အခြားသော ဝေဖန်ပြောဆိုချက်တွေမှာတော့ ပါမောက္ခZhangရဲ့ စာရင်းအင်းဆိုင်ရာ နည်းလမ်းတွေဟာ မှားယွင်းမှုတွေရှိနိုင်ပြီး ဘောဂဗေဒပညာရှင်တွေအနေနဲ့ အလုပ်အလက်မဲ့နှုန်းထားကို တွက်ချက်ရာမှာ တက်တက်ကြွကြွ အလုပ်ရှာဖွေခြင်းမရှိတဲ့ လူအုပ်စုတွေကို ထည့်သွင်းတွက်ချက်လေ့မရှိလို့ တုံ့ပြန်ပြောဆို ထားပါတယ်။

 ဒါ့အပြင် အချို့သောသူတွေကလည်း တရုတ်နိုင်ငံမှာ အလုပ်ကိုင်ရှာဖွေဖို့ ခက်ခဲနေတဲ့အချက်ကို ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.