ထားဝယ်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးဒဏ်ရာရ

0
1653

ထားဝယ်၊ မေ(၄)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကဒွန်းရှောင်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က ဇဟာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအ မြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ကဒွန်းရှောင်ရွာဘက်ကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၆ နှစ်အရွယ် မဖြူဖြူသင်း၊ အသက် ၈ နှစ်အရွယ် မောင်အောင်မျိုးမင်း၊ အသက် ၁၀ နှစ်အရွယ် မငြိမ်းသဇင်တို့ဟာ ဦးခေါင်းနဲ့ခြေထောက်တွေမှာ ကျည်ထိမှန်ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ် ၃ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ထား ဝယ်ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီအမြောက်တပ်ဟာ ကဒွန်းကျေးရွာထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်းအရ ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ထားဝယ်မြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂၀ ထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.