ထိုင်ဝမ်ရေလက်ကြား နယ်နိမိတ်မျဉ်းကို တရုတ်လေယာဉ်(၁၀)စင်းဖြတ်ကျော်ခဲ့တယ်လို့ဆို
တိုင်ပေ – ဧပြီ(၂) တရုတ်လေယာဉ်(၁၀)စီးဟာ ပုံမှန်အားဖြင့် နှစ်ဘက်ကြားအတားအဆီးတစ်ခုဖြစ်တဲ့ ထိုင်ဝမ် ရေလက်ကြားရဲ့ အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ ဧပြီလ(၁) ရက်နေ့ မနက်(၆) နာရီမှာ တရုတ်တိုက်လေယာဉ်ကိုးစင်းနဲ့ စစ်ဘက်ဒရုန်းတစ်စင်းတို့ ဟာ နယ်နိမိတ်အလယ်တန်းမျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ နေ့စဉ်စစ်ရေး လှုပ်ရှားမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ထိုင်ဝမ်က ဒုံးကျည်စနစ်တွေစောင့်ကြည့်နေချိန်မှာဘဲ တရုတ်လေယာဉ်တွေကို…