ပြုံယမ်း – ဧပြီ(၃၀)

မြောက်ကိုရီးယားကို တားဆီကာကွယ်ရေးမှာ အားကောင်းခိုင်မာစေဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ သဘောတူညီမှုဟာ ပိုမိုပြင်းထန်တဲ့ အခြေအနေကို ဦးတည်စေနိုင်တယ် လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဝါရှင်တန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအနေနဲ့ မဟာမိတ်တွေကို ဆန့်ကျင်ရေးအတွက် ကိုယ်ပိုင် နျူကလီးယားကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ပြုံယမ်းရဲ့ နျူကလီးယားဆိုင်ရာ တုံ့ပြန်မှုကို ရင်ဆိုင်ရ မှာဖြစ်သလို ဦးဆောင်မှု အဆုံးသတ်ချိန်ကိုလည်း ရင်ဆိုင်ရမှာဖြစ်တယ်လို့ သတိပေးထားပါ တယ်။ 

အမေရိကန်မှာ ကျင်းပခဲ့တဲ့ ထိပ်တန်းတွေ့ဆုံပွဲအတွက် ပြုံယမ်းအစိုးရရဲ့ ပထမဦးဆုံး တုံ့ပြန်မှု အဖြစ် ကင်မ်ရိုဂျွန်က နျူကလီးယားဟန့်တားမှုအစီအစဉ်ကို ပိုမိုပြီးပြည့်စုံအောင် ပြင်ဆင်ထား တယ်လို့ မြောက်ပိုင်းက ဆက်လက်တိုက်တွန်းတယ်လို့ ပြောပါတယ်။ 

“နျူကလီယား စစ်ပွဲလေ့ကျင့်ခန်းဆောင်ရွက်ချိန်မှာ ရန်သူတွေ များများသေဆုံးလေလေ၊ ကိုရီးယားကျွန်းဆွယ်အနီးတဝိုက် နျူနှင့်ဆိုင်တဲ့ တည်‌ဆောက်မှုတွေကို ပိုမိုတပ်ဖြန့်ထားနိုင် လေပါပဲ၊ ဒါမှလည်း ကိုယ်ပိုင်ကာကွယ်ရေးဆိုတဲ့ ရပိုင်ခွင့်သက်ဆိုင်တဲ့ လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်နိုင်လာမှာပါ” လို့ကင်မ်ယိုဂျွန်  ပြောခဲ့ပါတယ်။ 

ဝါရှင်တန်ကြေငြာချက်လို့ခေါ်တဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို တောင်ကိုရီးယား သမ္မတ ယွန်းဆွတ် ယိုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ က ကြေငြာခဲ့ပြီး အဲဒီထဲမှာ မြောက်ကိုရီး ယားရဲ့ ရန်လို မှုကို ပိုမိုစိုးရိမ်တဲ့အနေနဲ့ တောင်ကိုရီးယားအပေါ် အမေရိကန်ရဲ့ နျူကာကွယ်ရေးကို ပိုမိုအား ကောင်းစေတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

ဝါရှင်တန်ကြေငြာချက်မှာ နျူကလီးယားပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောဟာ ရာစုနှစ်တွေအတွင်း ပထမဆုံးအဖြစ် တောင်ကိုရီးယားဆိပ်ကမ်းကို ဆိုက်ကပ်တာအပါအဝင် မဟာဗျူဟာမြောက် လက်နက်တွေကို ပုံမှန်တပ်စွဲချမှတ်ထားရေးပါဝင်တယ်လို့ အမေရိကန်အရာရှိတွေက AFP ကို ပြောခဲ့ပါတယ်။​

“(ဝါရှင်တန်ကြေငြာချက်) ဒီ သဘောတူညီချက်ဟာ အာရှ၏ အရှေ့မြောက်ပိုင်း၏ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးကို ပိုမိုဆိုးရွား‌စေသော အန္တရာယ်ကို ကြုံတွေ့ဖို့သာဖြစ်စေနိုင်ပြီး ထိုအချက် ကြောင့် မကြိုဆိုသင့်သော အကြောင်းအရာဖြစ်သည်”လို့ ကင်မ်ယိုဂျွန် ကပြောပါသေးတယ်။

မြောက်ကိုရီးယားရန် တုံ့ပြန်ကာကွယ်နိုင်ဖို့အတွက် အဆင့်မြင့် ကိုယ်ပျောက်ဂျက်လေယာဉ် တွေ၊အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ အရှိန် အဟုန်မြင့် ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.