တီဟီရန် – ဧပြီ(၃၀) 

ဆော်ဒီအာရေးဗျ နိုင်ငံနဲ့ အီရန်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်နွေးထွေးလာတာကြောင့် သက်ဆိုင်ရာ မြို့တော်တွေမှာ သံရုံးတွေကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ် တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

လက်ဘနွန်မြို့တော် ဘေရွတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန်ဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ ပိတ်ခဲ့တဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆိုခဲ့ပြီး ဘယ်နေ့မှာ ပြန်လည် ဖွင့်လှစ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမရှိပါဘူး။ 

အီးဒါအယ်တ်ဖာနေ့က အီရန်နဲ့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နောက်ဆုံးအကြိမ် ဖုန်း ခေါ်ဆိုမှုအတွင်း တီဟီရန်နဲ့ ရီယ့ာဒ်မှာရှိတဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်ခြင်းအတွက် လာမယ့် ရက်တွေမှာ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက အာရဗီဘာသာနဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဒေသတွင်းပြိုင်ဘက်တွေဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သံတန်ဆက်ဆံရေး ပြန်လည်ထူ ထောင်ဖို့ ပြီးခဲ့တဲ့လက သဘောတူညီခဲ့ကြတာပါ။ 

အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီလှုပ်ရှားသူတွေက ဆော်ဒီကျောထောက်နောက်ခံပြုထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြို့တော် ဆာနာကို သိမ်းပိုက်ပြီးနောက် ယီမင်စစ်ပွဲမှာ ဆော်ဒီနဲ့ ယူအေအီး တို့ရဲ့ ကြားဝင်စွက်ဖက်မှုအတွက် ၂၀၁၅ ခုနှစ်ကစပြီး နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာတာ ဖြစ်တယ်လို့သိရပါတယ်။ 

ဆီးရီးယားပြည်တွင်းစစ် အပါအဝင် နိုင်ငံတွေကြား တင်းမာမှုတွေကြောင့် ဒေသတွင်း ပဋိပက္ခတွေကို ဖြစ်ပေါ်စေတာဖြစ်တယ်လို့ သိရပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့လက်ဘနွန်ခရီးစဉ်အပြီး ဟစ်ဇ်ဘိုလာခေါင်းဆောင်အပါ အဝင် လက်ဘနွန်အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ 

ဒါ့အပြင် အီရန်သမ္မတ အီဘရာဟင်ရိုင်စီဟာ ဆီရီးယားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုထားပြီး ဒီခရီးစဉ်ဟာ ၂၀၀၁ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီးရီးယား ကိုသွားရောက်မှာဖြစ်ကာ အီရန်နဲ့ ရုရှားတို့ရဲ့ စစ်ရေးအကူအညီနဲ့ စီးပွားရေး ပံ့ပိုးမှု တွေကြောင့် ဆီးရီးယား သမ္မတဟာ ပဋိပက္ခတွေက နေသူ့နိုင်ငံရဲ့ နေရာအများစုကို ပြန်လည် ချုပ်ကိုင်ထားနိုင်တာဖြစ်ပါတယ်။ 

အစ္စရေးအမျိုးသားလုံခြုံရေးအကြံပေး ဟာနက်ဘီက ဆီးရီးယားနဲ့ တခြားနေရာတွေမှာ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် အစ္စရေး စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အီရန်ရဲ့ သံတမန်ရေးရာ ပျံ့နှံ့မှုကို တုံ့ပြန်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.