April 11, 2023

စိတ်ပိုင်းဆိုင်ရာအဆိပ်သင့်စေလို့ Tik Tok ကို ဗီယက်နမ်အစိုးရက စုံစမ်းစစ်ဆေးမယ်

ဟနွိုင်း၊ ဧပြီ(၁၂) စိတ်ပိုင်းဆိုင်ရာ အဆိပ်သင့်စေတဲ့ အကြောင်းအရာတွေပါဝင်ပြီး နိုင်ငံရဲ့ လူငယ်၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့ တွေကို ခြိမ်းခြောက်မှုတွေဖြစ်ပေါ်စေတာကြောင့် နိုင်ငံအတွင်းရှိ Tik Tok လုပ်ငန်းလည်ပတ်မှုအားလုံးကို မေလကနေ စတင်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ဗီယက်နမ်နိုင်ငံရဲ့ သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်ပိုင် အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Tik Tok မှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အခြားသော ဆိုရှယ်မီဒီယာတွေထက်…

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ အကြီးမာဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မနီလာ – ဧပြီ(၁၂) အာရှအင်အားကြီး တရုတ်ကို တန်ပြန်ဖို့အတွက် မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် တို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလ(၁၁) ရက်နေ့မှာ စတင်ခဲ့ ကြတယ်လို့ သိရပါတယ်။ ဘာလီကာတန်လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် (၁၈,၀၀၀) နီးပါး ပါဝင်ပြီး ဒီတစ်ကြိမ်လေ့ကျင့်မှုဟာ တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လက်တွေ့ပစ်ခတ်တဲ့ လေ့ကျင့်မှု…

၂ လကျော်ကြာ ပျောက်ကွယ်နေတဲ့ ဖြစ်ရပ်မှာ ကလေးငယ်တစ်ဦးကို နမ်းရှိုက်ဖို့ တောင်းဆိုနေ တဲ့ ဒလိုင်းလားမား ဝန်ချတောင်းပန်

တိဗက် – ဧပြီ(၁၂) ကလေးငယ်တစ်ဦးကို ထိတွေ့နမ်းရှိုက်ဖို့ တောင်းဆိုနေတာကို ပြသထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ် လာပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေခံထားရတဲ့ တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အနေနဲ့ ဝန်ချတောင်းပန်ခဲ့ပါတယ်။ ဒီရုပ်သံဖိုင်မှာ ဂါရဝပြုဖို့ မတ်တပ်ရပ်နေတဲ့ ကလေးငယ်ရဲ့ နှုတ်ခမ်းကို နမ်းရှိုက်ဖို့အတွက် အသက် (၈၇) နှစ်အရွယ် ဒလိုင်းလားမားက တောင်းဆိုနေတဲ့ပုံတွေ ပါဝင်လာခဲ့တာပါ။ အဲဒီနောက် ဘာသာရေးခေါင်းဆောင်က…

သင်္ကြန်မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး အထင်လွဲအောင်လုပ်နိုင်တယ်လို့ NUG ယာယီသမ္မတ သတိပေး

မော်လမြိုင် – ဧပြီ(၁၁) သင်္ကြန်နှစ်သစ်ကူးကာလ မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ကပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၁) ရက်နေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၁၄) ကြိမ်မြောက် အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူးပြောင်းကာလတခုဖြစ်တဲ့…

ကန့်ဘလူမြို့နယ် ပ.က.ဖ ရုံးဖွင့်ပွဲကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ လူ(၁၀၀) ကျော် အသေအပျောက်ရှိတယ်လို့ဆို

ကန့်ဘလူ – ဧပြီ(၁၁) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဖွင့်ပွဲတက်ရောက်လာသူ (၁၀၀) ကျော် အသေအပျောက်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၁) ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီရဲ့ Jet Fighter ၊ Mi 35…

ရေးမှာ အိမ်စီးကားပစ်ခတ်ခံရပြီး ၂ ဦးဒဏ်ရာရ

ရေး၊ ဧပြီ(၁၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး မော်လမြိုင်-ရေး ကား လမ်းမမှာ ဧပြီ ၁၀ ရက်နေ့က အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဘုရားသုံးဆူမြို့ဘက်ကနေ ရေးဘက်ကိုဆင်းလာတဲ့ Vigo အိမ်ကား…

ပိတ်ဆို့ကန့်သတ်မှုကြောင့် တနင်္သာရီစစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူဖို့ ပိုမိုခက်ခဲလာ

တနင်္သာရီ၊ ဧပြီ(၁၁) တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ နှစ်ဖက်ပိတ်ဆို့ကန့်သတ်ချက်တွေကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ ဝယ်ယူဖို့ ပိုမိုခက်ခဲလာတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့မတ်လကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာ ကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ် ဖြစ်ပွားလာသလို အခုရက်ပိုင်းထဲမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။ တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ်ထဲက ပြည်ထောင်စုလမ်းမကြီးနဲ့ တနင်္သာရီ-မောတောင်ကားလမ်းတွေ အသုံးမပြုဖို့…

စစ်အာဏာသိမ်း (၇၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၂၉ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၁၁) AAPP ရဲ့ ဧပြီ(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၉)ရက်အတွင်း ပြည်သူ (၃၂၂၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၃၀၀ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…