April 1, 2023

တိုက်ရိုက်ပစ်ခတ်မှုတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နှင့် အမေရိကန်တို့ပူးတွဲပြုလုပ်

မနီလာ၊ ဧပြီ(၂) ပြည်ပခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့ မနီလာရဲ့ ကာကွယ်ရည်စွမ်းရည်တွေကို မြှင့်တင်တဲ့ Army to Army အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုတစိတ်တပိုင်းအဖြစ် အရှေ့တောင်အာရှနိုင်ငံ ဖိလစ်ပိုင်ရဲ့ စစ်စခန်းမှာ အမေရိ ကန် မိတ်ဖက်တွေနဲ့အတူ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို နှစ်နိုင်ငံပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်မှုတွေဟာ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာအနေနဲ့ နိုင်ငံရဲ့ စစ်ဘက်စခန်းတွေကို အမေရိကန် ပြည်ထောင်စုမှ လက်လှမ်းမီနိုင်ခွင့်ကို ချဲ့ထွင်ခဲ့တဲ့ ဖေဖော်ဝါရီ သဘောတူညီချက်ပြီးနောက်မှာ…

ထိုင်ဝမ်ရေလက်ကြား နယ်နိမိတ်မျဉ်းကို တရုတ်လေယာဉ်(၁၀)စင်းဖြတ်ကျော်ခဲ့တယ်လို့ဆို

တိုင်ပေ – ဧပြီ(၂) တရုတ်လေယာဉ်(၁၀)စီးဟာ ပုံမှန်အားဖြင့် နှစ်ဘက်ကြားအတားအဆီးတစ်ခုဖြစ်တဲ့ ထိုင်ဝမ် ရေလက်ကြားရဲ့ အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ ဧပြီလ(၁) ရက်နေ့ မနက်(၆) နာရီမှာ တရုတ်တိုက်လေယာဉ်ကိုးစင်းနဲ့ စစ်ဘက်ဒရုန်းတစ်စင်းတို့ ဟာ နယ်နိမိတ်အလယ်တန်းမျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ နေ့စဉ်စစ်ရေး လှုပ်ရှားမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ထိုင်ဝမ်က ဒုံးကျည်စနစ်တွေစောင့်ကြည့်နေချိန်မှာဘဲ တရုတ်လေယာဉ်တွေကို…

တရားရေးအကြီးအကဲတွေရဲ့ အာဏာကို ကန့်သတ်ထားတဲ့ဥပဒေ ပါကစ္စတန် လွှတ်တော် အတည်ပြု

ကရာချီ – ဧပြီ(၂) ပါကစ္စတန်လွှတ်တော်က အမြင့်ဆုံးတရားရုံးရဲ့ အာဏာကို ကန့်သတ်တဲ့ ဥပဒေသစ်တစ်ရပ် ကို အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ တရားရေးဝန်ကြီးကဆိုခဲ့ပြီး အဲဒီအခြေအနေရာ တရားရေးဌာနနဲ့ အစိုးရအဖွဲ့ကြား ထွက်ပေါ်လာတဲ့ အလှုပ်အခတ်တစ်ခုဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၉) ရက်နေ့က အောက်လွှတ်တော်မှာ ဒီဥပဒေကြမ်းတင်သွင်းပြီးနောက် အထက်လွှတ်တော်က အတည်ပြုပေးခဲ့တာလို့ ဆိုပါတယ်။ “ပါလီမန်ကတော့ အဲ့ဒီ မူကြမ်းကို အတည်ပြုပေးလိုက်ပါပြီး” လို့ဝန်ကြီး က…

အောင်မင်္ဂလာအဝေးပြေးကားဝင်း ပေါက်ကွဲမှုဖြစ်ပွား ရဲနှစ်ဦးနဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

ရန်ကုန် – ဧပြီ(၁) ရန်ကုန်တိုင်း၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း အမှတ်(၂) စစ်ဆေးရေးဂိတ်မှာ ဒီနေ့ ဧပြီလ(၁) ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ(၂) ဦးအပါအဝင်စည်ပင်ဝန်ထမ်းတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံရဲတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ယာဉ်ရှင်းနေစဉ်တိုက်ခိုက်ခံ လိုက်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ လက်တလောမှာတော့ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကိုပို့ဆောင်ထားပြီး သူတို့ရဲ့အခြေ အနေနဲ့ ရာထူးကိုတော့ ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။…

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဗဟိုမဏ္ဍပ် စတင် ဆောက်လုပ်နေ၊ သင်္ကြန်မှာ မပါဝင်ဖို့ တော်လှန်ရေးအဖွဲ့တွေ တောင်းဆို

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်စည်းကားဖို့အတွက် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ခေါ်ယူပြီး သင်္ကြန်မဏ္ဍပ် မဖြစ်မနေ ဆောက်လုပ်ကြဖို့ ဖိအားပေးနေတာတွေ ရှိနေပါတယ်။ မွန်ပြည်နယ်ရဲ့ ဗဟိုမဏ္ဍပ်ကိုတော့ မော်လမြိုင် ကမ်းနားလမ်း မြို့မတံတားမှာ ပြည်နယ်စစ်ကောင်စီက စတင်ဆောက်လုပ်နေပြီး ဖြစ်ပါတယ်။ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့အတွက် မော်လမြိုင်…

မြဝတီ၊ ကော့ကရိတ်တိုက်ပွဲမှာ သေဆုံးမှုများတဲ့စစ်တပ် PDF တွေကျတာလို့ သတင်းမှားဖြန့်

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီ ထောက်ခံသူ အကောင့်တုတွေဖြန့်ဝေနေတဲ့ “မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမှာ KKO ၊ KTLA၊pdf အထီး၊အမ ပေါင်း ၅၇ ယောက်သေ”ဆိုတဲ့…

ဘီလူးစစ်ကြောင်းရဲ့ တိုက်ခိုက်ရေးဗျူဟာတွေနဲ့ ပတ်သက်ပြီး Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့ပြောတယ်။ သေရဲတဲ့ကောင်တက်ခဲ့၊ ကျွန်တော်တို့ သေရဲတယ်ထွက်ခဲ့တယ်။ အခုချိန်မှာ မင်းဘာ ကောင်လဲ ငါဘာကောင်လဲ မေးရတော့မယ့်အချိန်ဖြစ်သွားပြီ။ သူတို့သေရဲရင်တက်လာခဲ့ ။ကျွန်တော်တို့ အညာက ထိုင်စောင့်နေမယ်” “မင်းအောင်လှိုင်ကို လျှောက်လျှောက်ပြီး မလုပ်နဲ့။ သေချာလေးစနစ်တကျပေါ့ တိုက်မှာဆိုလည်း သေချာတိုက်။ ပြည်သူအိမ်မီးမရှို့နဲ့ ပြည်သူမိန်းခလေးကို မုဒိန်းမကျင့်နဲ့ ။ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ဘက်က ခွင့်လွှတ်နိုင်စ ရာမရှိဘူး။ ကျပ်မပြည့်သလို ကျပ်ပြည့်သလိုနဲ့ ဦးနှောက်တစ်ခြမ်းပဲ့ပြီးလျှောက်မလုပ်ပါနဲ့”…

ကျိုက်ထိုမြို့ရှောင်လမ်းမှာ အမျိုးသား ၁ ဦး လုယက်သတ်ဖြတ်ခံရ

ကျိုက်ထို၊ ဧပြီ(၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်းမှာ မတ် ၃၁ ရက်နေ့ မနက်က အမျိုးသား ၁ ဦး လုယက်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၁၀ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့၊ အောင်မင်္ဂလာရပ်ကွက် ၂ လမ်းနေ အသက် ၄၀ အရွယ် ကိုမင်းမင်းကို ကျိုက်ထိုမြို့ရှောင်လမ်းဘေးမှာ ထိုးသွင်းဒဏ်ရာတွေနဲ့…