အာရှနိုင်ငံတွေအတွက် ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်အပြင် ကန့်သတ်ချက်အားလုံး ဗီယက်နမ်ဖြေလျော့ပေး

0
4441

ဟနွိုင်း၊ မတ်(၁၈)
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်က နိုင်ငံခြားခရီးသွားဧည့်သည်တွေ ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဗီဇာ လိုအပ်ချက်အချို့ကို ဖြေလျှော့ပေးဖို့  အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ဖမ် မင်န် ချင် က ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ ပြောကြားချက်အရ ကပ်ဘေးကာလပြီးတဲ့နောက်မှာ နိုင်ငံအနေနဲ့ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အဓိကရုန်းကန်ရတဲ့အချက်မှာ ဗီဇာရရှိရေး အခက်အခဲ တွေ ကြောင့်သာဖြစ်တယ်လို့ သိရပါတယ်။

ဗီယက်နမ်ရိုးရာအစားအစာ၊ ကမ်းခြေတွေရှိတဲ့ ကမ်းရိုးတန်းတွေနဲ့ ယူနက်စကို ကမ္ဘာအမွေအနှစ် ဟလောင် ပင်လယ်အော်စတဲ့ အရာတွေက ခရီးသွားတွေကို ဆွဲဆောင်တဲ့အရာတွေဖြစ်ပေမယ့်လည်း ၂၀၂၂ ခုနှစ်မှာ နိုင်ငံကို ဝင်ရောက်လာတဲ့  နိုင်ငံခြားခရီးသွားဧည့်သည်တွေဟာ ၃.၇ မီလီယမ်ထက် နည်းပါးတဲ့ ပမာဏသာ ဖြစ်နေတာပါ။

ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒ တွေကို ဗီဇာကင်းလွတ်ခွင့်၊ ဗီဇာရက်တိုးခြင်းအတွက် သင့်တော်သော ဈေးနှုန်းထား၊ E Visa အစီအစဉ်တွေ အတိုင်း  ပြင်ဆင်ဖို့ အစိုးရအဖွဲ့ကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ဗီယက်နမ်ဟာ ဥရောပ ၁၁ နိုင်ငံနဲ့ အာရှ ၂ နှစ်နိုင်ငံအတွက် နိုင်ငံအတွင်း ၁၅ ရက်ပါဝင်တဲ့ ဗီဇာကင်း လွင့်ခွင့်ကို ဖြေလျှော့ပေးထားတာပါ။
အာဆီယံ ၉ နိုင်ငံကတော့ နိုင်ငံအတွင်း ရက်ပေါင်း ၃၀ နေထိုင်နိုင်ပြီး E Visa လျှောက်ထားခွင့်ကို နိုင်ငံပေါင်း ၈၀ ကို ခွင့်ပြုထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာ၊ အားကစားနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဗီဇာမူဝါဒဟာ နိုင်ငံတကာခရီး သွားတွေကို ပိုမိုဆွဲခေါ်ဖို့ အဓိကသော့ချက်ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။ 


Ref, The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.