ဒုံးကျည်ထပ်မံစမ်းသပ်ပြီး အမေရိကန်ကို စိန်ခေါ်လိုက်တဲ့ ကင်ဂျုံအွန်းရဲ့ ညီမ

0
2744

ပြုံယမ်း – ဖေဖော်ဝါရီ(၂၁) 

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အင်အားကို တိုးမြှင့်နေတာကြောင့် အာရှ-ပစိဖိတ် ဒေသမှာ တင်းမာမှုတွေပိုမိုပြင်းထန်လာတာနဲ့အတူ ဒုံးကျည်စမ်းသပ်တဲ့နေ့မှာ ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူက မိမိကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ အမေရိကန်ကို သတိပေး လိုက်ပါတယ်။ 

ဒီသီတင်းပတ်အကုန်က မြောက်ကိုရီးယားဟာ ဂျပန်ရေပိုင်နက်ကို နောက်ထပ်ပဲ့ထိန်းဒုံးကျည် သုံးစင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပြီး မြောက်ကိုရီးယားရဲ့ 

Hwasong-15တိုက်ချင်းပစ်ဒုံးကျည်(ICBM) ပစ်လွှတ်ပြီးနောက်ထွက်ပေါ်လာတာပါ။ 

ဒီစမ်းသပ်မှုကြောင့် အမေရိကန်ဟာ အသံထက်မြန်တဲ့ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေကို တောင်ကိုရီးယားနဲ့ ဂျပန်စစ်လေယာဉ်တွေနဲ့အတူ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဌာန ဒါရိုက်တာ ကင်ယိုဂျွန်တို့က ပြုံယမ်းဟာ တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်တဲ့ ခြိမ်းခြောက်မှု မှန်သမျှကို တုံ့ပြန်မှာဖြစ်တယ်လို့ အမေရိကန်ကို သတိပေးခဲ့ပါတယ်။ 

“ပစိဖိတ်ဒေသကို ကျွန်တော်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေဟာ အမေရိကန် တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပါတယ်” လို့ မြောက်ကိုရီးယားခေါင်းဆောင်ရာထူးဆက်ခံသူ ဖြစ်လာနိုင်တယ်လို့ ယူဆခံထားရတဲ့ ကင်ယိုဂျွန်းရဲ့ ကြေညာချက်အရ သိရပါတယ်။ 

တင်းမာမှုတွေ တိုးမြင့်လာတဲ့ နေရာတွေမှာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တန်းကြေးပေးဆောင်ဖို့ ပြုံယမ်းရဲ့ ဆန္ဒကို ပြောင်းလဲတာမရှိဘူးလို့ သူမကပြောပါသေးတယ်။ 

သီအိုရီအရ မြောက်အမေရိကအထိရောက်နိုင်တဲ့ ICBM ထိပ်ဖူးတပ် မအောင်မြင်ခဲ့ဘူးဆိုတဲ့ သတင်းတွေကို ငြင်းဆိုကာ နျူကလီးယားကျွမ်းကျင်သူတွေကို ရှုတ်ချခဲ့ပြီး လက်နက်တွေဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုထားပါတယ်။ 

“အသိဥာဏ်ကင်းမဲ့ပြီး ကျွမ်းကျင်သူတွေလို ဟန်ဆောင်တဲ့ လူတွေရဲ့ ဒီလိုအငြင်းအခုံတွေက အမေရိကန်နဲ့ တောင်ကိုရီးယား ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို တကယ်တော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး” လို့ ကင်ယိုဂျွန်းက ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားမှာ ကျေနပ်လောက်တဲ့ နည်းပညာနဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားပြီး အင်အားပမာဏကို တိုးမြှင့်ဖို့ အာရုံစိုက်သွားမှာဖြစ်သလို မဟာမိတ်အုပ်စု အနေနဲ့ တခြားသူတွေရဲ့ နည်းပညာတွေကို စိုးရိမ်ပူပန်နေမယ့်အစား ကိုယ့်ကိုကိုယ်ခုခံကာကွယ် ဖို့ သူတို့ရဲ့ ဦးနှောက်တွေကို ပိုကောင်းအောင်ထိန်းထားရမယ်လို့ ဆိုခဲ့ပါတယ်။ 

မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်မှုဟာ ဒီနှစ်အတွင်း တတိယအကြိမ်မြောက် အဓိက လက်နက် စမ်းသပ်မှုဖြစ်ပြီး Hwasong-15 ဒုံကျည်ဟာ အမြင့် (၅၇၆၈) ကီလိုမီတာအထိ ပျံသန်းခဲ့ပြီး (၉၈၉) ကီလိုမီတာအကွာ ရေပြင်မှာ ကြိုတင်သတ်မှတ်ထားတဲ့ ဧရိယာကို ထိမှန်ခဲ့ တာမရှိဘူးလို့ သိရပါတယ်။ 

အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ မြောက်ကိုရီးယားရဲ့ သတ္တမမြောက်နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ပါက မြောက်ကိုရီးယားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည်တွေကို တီထွင် အသုံးချနိုင်မှု တစ်ခုဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin က မြူးနစ်လုံခြုံရေးညီလာခံမှာ ပြောခဲ့ပါတယ်။

Ref: The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.