၂၀၂၂ ခုနှစ် AFF Mitsubishi Electric Cup ပွဲစဉ်တွေကို ထိုင်းရုပ်သံလိုင်းတွေက အခမဲ့ပြသသွားမယ်

0
9151

စင်္ကာပူ၊ ဒီဇင်ဘာ(၂၇)

ထိုင်းနိုင်ငံက ဘောလုံးပရိသတ်တွေအတွက် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ မစ်ဆူဘီရှီ အီလက်ထရစ်ဖလားပွဲစဉ်တွေကို ဒီကနေ့ ဒီဇင်ဘာ(၂၆) ရက်နေ့ကစပြီး အခမဲ့ထုတ်လွှင့်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

AFF Mitsubishi Electric Cup ရဲ့ ကျန်ရှိတဲ့ပွဲစဉ်တွေကို ထိုင်းအစိုးရပိုင် Free to Air ရုပ်သံလိုင်းဖြစ်တဲ့ T-Sport နဲ့ Channel 9 MCOT ရုပ်သံလိုင်းတို့မှာ  တိုက်ရိုက်ကြည့်ရှုခွင့် ရရှိမှာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အားကစားမြှင့်တင်ရေးအေဂျင်စီ SPORTFIVE ရဲ့ မီဒီယာတွေနဲ့ သက်ဆိုင်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာပါ။

AFF Mitsubishi Electric Cup ပွဲစဉ်တွေထဲက  ထိုင်းနိုင်ငံ သမန်ဆတ်အားကစားရုံမှာ လက်ခံကျင်းပမှမယ့် ဒီကနေ့ ဖိလစ်ပိုင်နဲ့ ကစားရမယ့် ပွဲစဉ်ကစပြီး ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 “၂၀၂၀ ခုနှစ်မှာ ချန်ပီယံဖြစ်မှုကို အခုနှစ်ပွဲစဉ်တွေနဲ့ ကာကွယ်မယ့် ထိုင်းအသင်းရဲ့ စွမ်းဆောင်ရည်ဟာ ထိုင်းနိုင်ငံသားတွေအတွက် စိတ်ဝင်စားစရာဖြစ်လာပါပြီ။ ထိုင်းပရိသတ်တွေအနေနဲ့လည်း နိုင်ငံအသင်းကို ကျယ်ကျယ် လောင်လောင် အားပေးနိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ SPORTFIVE ရဲ့  စီမံရေးဒါရိုက်တာ မယ်ကွန်လ်က ပြောကြားခဲ့ပါတယ်။

AFF Mitsubishi Electric Cup ၂၀၂၂ ပွဲစဉ်တွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာစတင်ယှဉ်ပြိုင်ခဲ့ပြီး အသင်းများအားလုံးဟာ အိမ်ကွင်း၊ အဝေးကွင်း ပုံစံနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

အခုပြိုင်ပွဲရဲ့ နောက်ဆုံးလည်းဖြစ်၊ အကောင်းဆုံးလည်းဖြစ်တဲ့ ပွဲစဉ်တွေကတော့ ဇန်နဝါရီလ ၁၃ ရက်နေ့နဲ့ ဇန်ဝါရီလ ၁၆ ရက်နေ့မှာ ကျရောက်မှာလည်း ဖြစ်ပါတယ်။

Ref;CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.