ထိုင်းကျောင်းသူတစ်ယောက်ကို တက္ကသိုလ် ပါမောက္ခတစ်ဦးက မုဒိမ်းကျင့်ခဲ့လို့ ဟိုက်ဒရာဘက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်

0
8529

ဟိုက်ဒရာဘတ်၊ ဒီဇင်ဘာ(၆)

ဟိုက်ဒရာဘတ်တက္ကသိုလ်က ပါမောက္ခတစ်ဦးက ထိုင်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားပြီး အဲဒီဖြစ်ရပ်ကို မကျေနပ်တဲ့ ကျောင်းသားတွေဟာ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။

အကြီးတန်းပါမောက္ခအိမ်မှာ မနေ့ညက အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ထိုင်းကျောင်းသားတွေက ပြောပါတယ်။

သံသယရှိသူ ရာဗီရန်ဂျန်ဟာ ဟိန္ဒီဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေသခံရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အခုအ ခါ သူ့ကိုရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီပါမောက္ခက အလားတူပြစ်မှုတွေအတွက် အရင်ကလည်း  စွဲချက်တင်ခံထားရကြောင်း The New Indian Express ကဖော်ပြထားပြီး အဲဒီအချိန်တုန်းက ဟိုက်ဒရာဘတ်ကျောင်းဝင်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပေမယ့် လည်း ရဲနဲ့ တက္ကသိုလ် အုပ်ချုပ်ရေးတို့မှ သူ့ကို အရေးယူခြင်မရှိခဲ့ပါဘူး။

ရန်ဂျန်ရဲ့ လက်အောက်ရှိ ဌာနမှာ ပညာသင်ကြားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ကျောင်းသူကရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး ရန်ဂျန်ကို အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

တရားခံဟာ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းရာမှာတော့ ကျောင်းသူကို အနီးကပ်ကျူရှင်သင်ကြားပေးလိုတယ်ဆိုပြီး နေအိမ်ကို ခေါ်ဆောင် သွားခဲ့တာဖြစ်ပါတယ်။ ကျောင်းသူက ပြန်လည်ခုခံဖို့ ကြိုးပမ်းခဲ့တာကြောင့် ရိုက်နှက်ခံခဲ့ရတယ်လို့ သတင်းရင်း မြစ်တွေက ပြော ပါတယ်။
အဲဒီနောက် ရန်ဂျန်ဟာ သူမကို တက္ကသိုလ်ဂိတ်သို့ ပြန်ပို့ကာ ထားခဲ့ပြီးနောက် ထိုင်းကျောင်းသူဟာ ရဲစခန်းသို့ ချက်ချင်းသွား ရောက်ကာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျောင်းသားတွေ စုရုံးပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုမှုတွေဟာ ပြင်း ထန်နေပေမယ့်လည်း အရင်ဖြစ်ရပ်တွေအတွက် အရာရှိမှ တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့တယ်လို့  ဆန္ဒပြသူတွေက ပြောပါတယ်။

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.