ထိုင်းနိုင်ငံ တစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ခွင့်ပေး

0
8358

ဘန်ကောက် – နိုဝင်ဘာ(၂၉) 

ထိုင်းနိုင်ငံရဲ့ အမှားပြင်ဆင်ရေးဌာန (Department of Corrections _DoC) ဟာ နိုင်ငံတဝှမ်းက အကျဉ်းသားတွေကို ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်မှုတွေကို ကြည့်ရှု့ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၀) ရက်နေ့က စတင်ကျင်းပနေတဲ့ ကမ္ဘော့ဖလားပွဲတွေကို လာမယ့် ဒီဇင်ဘာလ(၁၈) ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာတော့ အခမဲ့ ရုပ်သံ လိုင်း(၁၇) လိုင်းကတဆင့် ပွဲပေါင်း (၆၄) ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာပါ။ 

အမှားပြင်ဆင်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး အာရွတ်ဆင်ထွပ်ဖန်က ဒီဆုံးဖြတ်ချက်ဟာ အကျဉ်းသားတွေအချင်းချင်းကြားမှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်ဖို့၊အားကစားနဲ့ လေ့ကျင့်ခန်း ကိစ္စရပ်တွေမှာ ပိုမိုအာရုံစိုက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီဆောင်ရွက်မှုတွေဟာ ကိုဗစ် စဖြစ်တည်းက အကျည်းသားတစ်ဦးနဲ့ တစ်ဦးကြား ရှိတဲ့ ဆက်ဆံရေးတင်းမာမှုတွေကို လျှော့ချနိုင်ဖို့နဲ့ အကျဉ်းသားတွေရဲ့ အလေ့အထ တိုးတက်စေဖို့ ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အကျဉ်းထောင်တွေထဲမှာ ဘော်လုံးပွဲပြသတာကို နေ့စဉ်ည(၉)နာရီတိုင်းမှာ ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး တိုက်ရိုက်ပွဲစဉ်တွေမဟုတ်ဘဲ ပြန်လည်ထုတ်လွှင့်တဲ့ ပွဲစဉ်တွေကိုသာ ပြသမှာဖြစ်ပြီး အလောင်းအစားလည်း လုပ်ခွင့်မပြုထားဘူးလို့ DoC ညွှန်ကြားရေးမှူးက ပြောပါတယ်။ 

အမှားပြင်ဆင်ရေးဌာန (Doc) က နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဒီဇင်ဘာလ(၃၀) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့အထိ ပြည်သူ့ကျန်းမာရေးရဲ့ ကူးစက်ရောဂါကာကွယ်ရေး အတိုင်းအတာတွေနဲ့ အကျဉ်းထောင်တွေထဲကို အကျဉ်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေကို လာရောက်လည်ပတ်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.