စီရော်နယ်လ်ဒိုဟာ စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့ ရပ်ရှ်ဖို့ဒ် ပြော

0
7648

မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၈)

မန်ယူအသင်းနဲ့ လမ်းခွဲလိုက်ပြီး ဖြစ်တဲ့ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုဟာ သူ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ်လို့ မန်ယူအသင်းအဖော် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ သီးသန့်တွေ့ဆုံတဲ့ အင်တာဗျူး အစီအစဉ်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ထားတာပါ။

ရပ်ရှ်ဖို့ဒ်ကတော့ စီရော်နယ်လ်ဒိုနဲ့ တွဲကစားရတာဟာ မယုံကြည်နိုင်စရာကောင်းတဲ့ အတွေ့အကြုံတွေ ရရှိခဲ့ကြောင်းနဲ့ သူကို စံပြပုဂ္ဂိုလ် တစ်ဦးအဖြစ် အမြဲတမ်း လေးစားအားကျခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒို အသင်းမှာ ရှိနေစဉ် လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက်လည်း ကျေးဇူးတင်ကြောင်းနဲ့ အကောင်းဆုံးအရာတွေ ဖြစ်လာဖို့ ဆန္ဒပြုတယ်လို့ ရပ်ရှ်ဖို့ဒ်က ဆိုပါတယ်။

လက်ရှိမှာ ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပြီး အင်္ဂလန်အသင်းကလည်း နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနည်းပြ တန်ဟက်ဂ် လက်ထက်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက် ပုံမှန် ပွဲထွက် ရရှိနေတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.