ကမ္ဘာ့ဖလားမတိုင်ခင် ကာတာနိုင်ငံ မြို့တော် ဒိုဟာကနေ အလုပ်သမား ထောင်ချီ နှင်ထုတ်ခံရ
ဒိုဟာ၊ အောက်တိုဘာ (၃၀) ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လာရောက်လည်ပတ်ကြမယ့် ဘောလုံးပရိသတ်များနေထိုင်ဖို့ မြို့တော်ဒိုဟာမှာ ထောင်နှင့်ချီတဲ့ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို ပိတ်ထားလိုက် တယ်လို့ နေအိမ်တွေကနေ နှင်ထုတ်ခံရသူ အလုပ်သမားတွေက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ အဆောက်အဦ တစ်ဒါဇင်ကျော်ကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပြီး အဓိကအားဖြင့် အာရှနှင့် အာဖရိက အလုပ်သမားတွေကို တတ်နိုင်သမျှ တခြားနေရာတွေကို ရှာဖို့…