August 2022

အိန္ဒိယ ဝယ်လိုအားကြောင့် မတ်ပဲနဲ့ ပဲစဉ်းငုံ ဈေးနှုန်း ဆက်လက် မြင့်တက်နေ

မော်လမြိုင် ၊ သြဂုတ် (၁၄) ပြည်တွင်းက မတ်ပဲနဲ့ ပဲစဉ်းငုံ လက်ကျန်တွေကို အိန္ဒိယနိုင်ငံက ဝယ်လိုအားမြင့်တက်လာတဲ့အတွက် မတ်ပဲနဲ့ ပဲစဉ်းငုံ ဈေးနှုန်း ဆက်လက်မြင့်တက်လာတယ်လို့ ပဲ၊နှမ်း ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းတို့ကို လက်ရှိ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ…

မုန်းမြို့နယ်မှာ ကျေးရွာတွေထဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်နေလို့ ဒေသခံတွေ ထပ်မံထွက်ပြေးနေရ

ညောင်လေးပင် ၊ သြဂုတ် (၁၄) ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ် သစ်ချဆိပ်၊ နိုခိုထံ၊ ကျွဲလူးဒင်နဲ့ အောတဃောကျေးရွာတွေထဲ လက်နက်ကြီး ၁၅ ချက် ပစ်ခတ်ခဲ့သလို ဩဂုတ်…

ရေးမြို့နယ်မှာ PDF တွေ ရှိနိုင်တဲ့ နေရာတွေကို စစ်ကောင်စီ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ရေး ၊ သြဂုတ် (၁၄) မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက PDF တွေ ရှိနိုင်တဲ့ နေရာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကစပြီး…

စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ စီးပွားရေးဓားပြတိုက်ရမ်းကားမှုကြောင့် သက်ရောက်မှုလှိုင်းတွေ ကြီးလာလိမ့်မယ်လို့ ဦးမင်းကိုနိုင်သုံးသပ်

မော်လမြိုင် – ဩဂုတ်(၁၃) အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ စီးပွားရေးဓားပြတိုက်ရမ်းကားမှုကြောင့် သက်ရောက်မှု လှိုင်းတွေကြီးမြင့်လွန်းလာလိမ့်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ငွေကြေးလဲလှယ်မှု သမိုင်းမှာ မြန်မာကျပ်ငွေဟာ အဆိုးရွားဆုံးတန်ဖိုးကျဆင်းသွားပြီး အမေရိကန် (၁) ဒေါ်လာနဲ့တွက်ရင်တောင် နာရီရီပိုင်းအတွင်းရာချီ ပြောင်းလဲနေတာလို့ ဆိုထား ပါတယ်။ “ပြည်သူအားလုံးရဲ့ လက်ဝယ်ပိုင်ငွတန်ဖိုးအားလုံးနေရင်းထိုင်ရင်း နာရီပိုင်းအတွင်း ကမ္ဘာစံချိန် တင်မတရားပြုတ်ကျသွားတာပါ။ ဖြူစင်တတဲ့…