ကော့ကရိတ်ရဲစခန်း ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် အကျအဆုံးမသိရ သေး
ကော့ကရိတ် – ဩဂုတ်(၁၅) ကရင်ပြည်နယ်ကော့ကရိတ်မြို့က ကော့ကရိတ်ရဲစခန်းကို ဒီနေ့ ဩဂုတ်လ(၁၅) ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာမနက်(၁၀) နာရီခွဲလောက်ကဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် (၁၅) မိနစ်လောက်ရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ “မြို့ထဲရဲစခန်းကို ဝင်ပစ်တာ အဲ့ဒီတစ်လျှောက်ပဲ မကြာပါဘူး။ ဆယ်မိနစ်…
