မော်လမြိုင် – ဩဂုတ်(၆)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကို ဟန့်တားနိုင်မယ့် လက်နက်နဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရင် ထိုက်တန်တဲ့ ဆုကြေးချီးမြှင့်သွား မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ ဩဂုတ်လ(၆) ရက်နေ့ ရက်စွဲနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် လေယာဉ်နဲ့ ရဟတ်ယာဉ်ပစ် လက်နက် တွေနဲ့ တကွ ပြည်သူ့ရင်ခွင်ခိုလှုံရင်ထိုက်တန်စွာ ဆုကြေးချီးမြှင့်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထား တာပါ။

စစ်ကောင်စီဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်က ပြည်သူတွေရဲ့ နေအိမ်တွေကို လေကြောင်းတိုက်ခိုက် မှုတွေ ပြုလုပ်နေသလို သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ပြည်သူတွေကို ဗုံးကျဲနေတဲ့ လေယာဉ်၊ သံချပ်ကာကားနဲ့ တခြားစစ်သုံးပစ္စည်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာရင် ထိုက်တန်တဲ့ ဆုငွေချီးမြှင့်ပေး မယ်လို့ ထုတ်ပြန်ထားပြီး အဲ့ဒီအချိန်က လာရောက်ဆက်သွယ်မေးမြန်းသူ တွေရှိတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့၊ရဲတပ်ဖွဲ့ဝင် သောင်းနဲ့ချီ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.