ဖနွမ်းပင် – ဩဂုတ်(၆)
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင်အာရှဒေသတွင်းအစုအဖွဲ့(အာဆီယံ) မှာ မြန်မာအာဏာသိမ်းဗိုလ်ချုပ်တွေရဲ့ ငြိမ်းချမ်းရေးအစီအစဉ်တိုးတက်မှု မရှိမခြင်း အစည်းအဝေး တွေကနေ တားမြစ်ဖို့ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒီသီတင်းပတ်မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဥက္ကဌအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ပရော့ဆာခွန်က စစ်ကောင်စီဟာ တိုးတက်မှုကို ပြသဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုခဲ့တာပါ။
အာဆီယံအနေနဲ့ တိုက်တက်မှုရှိရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်နိုင် မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက်(၅) ရပ်ကို လိုက်နာ ဆောင်ရွက်မှု နဲ့ တိုးတက်မှု တစ်စုံတစ်ရာ မရှိတဲ့ အချိန်ထိ အာဆီယံရဲ့ အစည်းအဝေးအားလုံးကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ကိုးကား – Reuters