March 2022

ကော့ကရိတ်က ဒေသခံနေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖောက်ထွင်ပြီး ပစ္စည်းတွေ ယူဆောင်သွား

မော်လမြိုင် ၊ မတ် (၄) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖောက်ထွင်းဝင်ရောက်ပြီးနောက် ပစ္စည်းတွေ ယူဆောင်သွားပြီး နေအိမ်တွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် မြို့ဟောင်း၊ ရွာသစ်စတဲ့ ကျေးရွာတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီ နေအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကို…

လေယာဉ်နဲ့ ကင်းထောက်မှုတွေ အထူးသတိထားကြဖို့ CDM လေတပ် အရာရှိ တိုက်တွန်း

မော်လမြိုင် ၊ မတ် (၄) အာဏာသိမ်း စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ကင်းထောက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အထူးသတိထားကြဖို့ CDM လေတပ် အရာရှိ တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ စစ်ရေးအရ မြေပြင်မှာ နယ်မြေမစိုးမိုးနိုင်တဲ့ နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာ တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လေယာဉ်နဲ့…

အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ ဂျော်ဂျီယာ ပြင်ဆင်

တူပီလစီ၊ မတ် ၄ ဥရောပပါလီမန်က စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားရတဲ့ ယူကရိန်းနိုင်ငံကို အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ကမ်းလှမ်းချက်ကို ထောက်ခံပေးပြီးနောက် တစ်ရက်အကြာတွင် ဂျော်ဂျီယာသည် အီးယူအဖွဲ့ဝင်အဖြစ် အနှေးနဲ့ အမြန်လျှောက်ထားမည်ဖြစ်ကြောင်း ပင်လယ်နက်နိုင်ငံ၏ အာဏာရပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိ အာဏာရပါတီ ဂျော်ဂျီယာရဲ့အိပ်မက်ပါတီ ဥက္ကဋ္ဌ အိုင်ရာကလီ ကိုဘာခိဒ်ဇီက အီးယူ အဖွဲ့ဝင်အဖြစ် ချက်ချင်း လျှောက်ထားရန်…

ကန် – အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာက နိုင်ငံရေးရာထူးမရှိသူကိုသာ ဖိတ်ကြား

ဝါရှင်တန်၊ မတ် ၃ ယခုလအတွင်း ဝါရှင်တန်၌ ကျင်းပမည့် အာဆီယံ ၁၀ နိုင်ငံ မဟာမိတ်နှင့် ထိပ်သီးဆွေးနွေးပွဲသို့ စစ်တပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံမှ နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်ကို အာဆီယံ၏ ဦးဆောင်မှုဖြင့် ဖိတ်ကြားသွားမည်ဟု အမေရိကန်ပြည်ထောင်စုက မတ်လ ၂ ရက်တွင် ပြောကြားပါခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မတ် ၂၈ ရက်နှင့် ၂၉…

ဒေါ်လာငွေ အကြပ်အတည်းကြောင့် သီရိလင်္ကာမှာ လောင်စာဆီ ပြတ်လပ်မှု ဖြစ်ပေါ်

ကိုလံဘို၊ မတ် ၄ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်မှုအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပြီး လောင်စာဆီတင် သွင်းရန် ဒေါ်လာငွေ မရှိဘဲ ဘတ်စ်ကားများတွင် ဒီဇယ်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုလုံး ချိနဲ့ နေသည်ဟု အာဏာပိုင်များမှ မတ်လ ၂ ရက်နေ့တွင် ပြော ကြားခဲ့သည်။ ပုဂ္ဂလိက ဘတ်စ်ကားပိုင်ရှင်များအသင်း၏ ပြောကြားချက်အရ ယာဥ်မောင်းများအနေဖြင့် လောင်စာ ဆီဖြည့်နိုင်ံရန်အတွက်…

ကိုဗစ်ကူးစက်ခံနေရတဲ့ လေးကေကော် စစ်ရှောင်ပြည်သူတွေအတွက် အကူအညီ လိုအပ်နေ

မော်လမြိုင် ၊ မတ် (၃) ကိုဗစ်ရောဂါပိုး အစုလိုက် အပြုံလိုက် ကူးစက်ခံနေရတဲ့ လေးကေကော်ဒေသက စစ်ရှောင်ပြည်သူတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောပါတယ်။ လေးကေကော်ဒေသတိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်နဲ့ လေးကေကော်အနီးဝန်းကျင် ဒေသတွေမှာ တိမ်းရှောင်နေထိုင်နေကြတာပါ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လလယ်ပိုင်းကစပြီး စစ်ရှောင်ပြည်သူတွေ နေထိုင်ရာဒေသတချို့မှာ နယ်မြေခံကျန်းမာရေးဝန်ထမ်းတွေက…

ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ပူတင်ရဲ့ ဂုဏ်ထူးဆောင်ခါးပတ်နက်ကို ရုပ်သိမ်း

ကိဗ်၊ မတ် ၃ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံတကာ အားကစား အုပ်ချုပ်ရေးအဖွဲ့မှ တိုက်ကွမ်ဒို၌ ၎င်း၏ ဂုဏ်ထူးဆောင် ခါးပတ်နက်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရုပ်သိမ်းခဲ့ပါသည်။ ကိယက်ဗ်မြို့အပြင်ဘက်တွင် ရုရှားတပ်များ စုဝေးနေပြီး ထောင်နှင့်ချီသော ယူကရိန်းဒုက္ခသည်များသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေရကာ ပူတင်နှင့် ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်များအပြင် ရုရှားနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ်…

ထိုင်ဝမ်မှ ဆေးဝါးအထောက်အပံ့အကူအညီ ၂၇ တန်ကို ယူကရိန်းသို့ ပို့ဆောင်

တိုင်ပေ၊ မတ် ၃ ထိုင်ဝမ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ဆေးပစ္စည်း အထောက်အပံ့ ၂၇တန်ကိုပေးပို့ခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းအတွင်းက ဒီမိုကရက်တစ်အစုအဝေး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ ကူညီပေးအပ်မှုအဖြစ် ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ထိုင်ဝမ်အစိုးရမှ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံသည် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်မှုများ ဆောင်ရွက် နေသည့် အနောက်နိုင်ငံမဟာမိတ်များထံသို့ ပါဝင်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏…