ဘန်ကောက် – မတ်(၂၉)

ဂျပန်နိုင်ငံကပြည်သူတွေဟာဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ရပ်တန့်ထား တဲ့နျူကလီးယားဓာတ်ပေါင်းဖိုကိုပြန်လည်အသုံးပြုဖို့အတွက်ထောက်ခံထားတယ်လို့စီးပွားရေးသတင်း စာ တစ်စောင်ရဲ့ စစ်တမ်းတစ်ခုရသိရပါတယ်။

၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမားဘေးဒဏ်ခံစားခဲ့ရပြီးနောက်ပိုင်းတိုကျိုမှာ ဓာတ်အားခတွေ အဆမတန် မြင့်မားလာပြီး လျှပ်စစ်မီးပြတ်တောက်မှု သတိပေးချက်တွေထွက်ပေါ်လာပြီးချိန်မှာတော့ နျူကလီးယားအခန်းကဏ္ဍတိုးမြှင့်ဖို့အတွက် မျက်နှာသာပေးလာခဲ့တာဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်ကြာပြုလုပ်ခဲ့တဲ့ အဲ့ဒီစစ်တမ်းမှာ လုံခြုံရေးအာမခံနိုင်ရင် နျူကလီးယားဓာတ် ပေါင်းဖိုတွေကို ပြန်လည်စတင်သင့်တယ်လို့ ပြည်သူ (၅၃) ရာခိုင်နှုန်းက ဖြေကြားထားခဲ့ပြီး (၃၈) ရာခိုင်နှုန်းကတော့ ဆက်လက်ပိတ်ထားသင့်တယ်လို့ NIKKEI က ထောက်ယူထားတဲ့ စစ်တမ်းတွေ အရသိရပါတယ်။

စက်တင်ဘာလအတွင်းမှာ အလားတူ စစ်တမ်းတစ်ခုကိုကောက်ခံထားခဲ့ပြီး ဓာတ်ပေါင်းဖို ပြန်လည်စတင်ဖို့ ထောက်ခံသူဟာ (၄၄) ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ က ငလျင်နဲ့ဆူနာမီကြောင့် ဖူကူရှီးမားမှာ ဓာတ်ပေါင်းဖိုသုံးလုံးပြိုကျပျက်ဆီးခဲ့ပြီး နိုင်ငံရဲ့ လည်ပတ်နေတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတော်တော်များများကို အခုချိန်ထိ ပိတ်ထားရတာလို့သိရပါတယ်။



ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ကမ္ဘာမှာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဂျပန်နိုင်ငံမှာတော့ ငလျင်ပြသနာကြောင့် ဓာတ်ငွေနဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေ စွမ်းအင်ပြတ်တောက်ခဲ့ပြီး တိုကျိုမှာ လျှပ်စစ်စွမ်းအင်ရရှိဖို့ သတိပေးချက်ဖြစ်လာခဲ့တာပါ။

“ဒီအချိန်မှာ နျူကလီးယားစွမ်းအင်အတွက် အားကောင်းတဲ့ လေတိုက်နှုန်း ရှိနေပါတယ်။ တကယ်လို့ ဂျပန်နျူကလီးယားဓါတ်ပေါင်းဖိုကိုပြန်လည်စတင်ရင်နိုင်ငံရဲ့လျှပ်စစ်စွမ်းအင်ကို သဘာဝဓာတ်ငွေအရည် အနေနဲ့ ဥရောပကို ီ ပြန်လည်ရောင်းချနိုင်ပါတယ်”လို့နိုင်ငံတကာစွမ်းအင်အေဂျင်စီ အမှုဆောင်ဒါရိုက်တာဟောင်း နိုဘူအို တာနာကာက ပြောပါတယ်။


ဂျပန်နိုင်ငံဟာကမ္ဘာ့ဒုတိယအကြီးဆုံး သဘာဝဓါတ်ငွေရည် LNG တင်သွင်းတဲ့နိုင်ငံဖြစ်တဲ့အတွက် အဏုမြူစွမ်းအင်ပြန်လည်နိုးထလာတာဟာကမ္ဘာ့ဓာတ်ငွေ့ဈေးကွက်ကိုအကျိုးသက်ရောက်မှု တွေရှိနိုင် ပြီးတောင်ကိုရီးယားနဲ့ဘယ်လ်ဂျီယံနိုင်ငံတွေကတော့ရုပ်ကြွင်းလောင်စာဆီကနေနျူကလီးယားစွမ်းအင်ပြောင်းလဲဖို့ပြင်ဆင်နေတာတွေရှိနေပါတယ်။

ဖူကူရှီးမားနောက်ပိုင်းဘေးအန္တရာယ် ကင်းရှင်းရေးစည်းမျဥ◌်းတွေအောက်မှာ နျူဓာတ်ပေါင်းဖို (၁၀) ခုကို ပြန်လည်စတင်စတင်ခဲ့ပေမယ့် ဂျပန်ရဲ့ ၂၀၃၀ စွမ်းအင်မျှော်မှန်းချက်တွေအရတော့ဓာတ်ပေါင်းဖို (၃၃)ခုလုံးနီးပါးပြန်လည်အသုံးပြုဖို့လိုအပ်တယ်လို့အာဏာရပါတီနဲ့အတိုက်ခံနိုင်ငံရေးသမားတွေက တောင်းဆိုနေပေမယ့်ဒေသန္တရအစိုးရနဲ့နိုင်ငံတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကခွင့်ပြုချက်ရယူဖို့ အတားအဆီးတွေနဲ့ရင်ဆိုင်နေရတယယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.