October 8, 2021

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်းအထိ ကျဆင်း

မော်လမြိုင်၊ အောက်တိုဘာ ၈ ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ISP-Myanmar မှ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်​ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ…

အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီက မြေပြင်မှာ KNU ကို တိုက်ခိုက်နေ

မော်လမြိုင်၊ အောက်တိုဘာ ၈ အာဏာသိမ်းစစ်ကောင်စီက ၅ လကြာအပစ်ရပ်မယ်လို့ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်တွေက မြေပြင်မှာ လိုက်နာခြင်းမရှိဘူးလို့ KNU ဗဟိုက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ အပစ်ရပ်သွားမယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။…

ရေဒီယိုသံလွင်တိုင်းမ်

သံလွင်တိုင်းမ်၏ ဖြတ်သန်းမှုသမိုင်းစဉ်တွင် ရေဒီယိုသံလွင်တိုင်းမ်သည် ပရိတ်သတ်အတွက် ပထမဆုံးသော မိတ်ဆက်ပေးလိုက်သည့်အစီအစဉ်တခုဖြစ်သည်။ ယနေ့ တင်ဆက်မှုမှာ ရေဒီယိုသံလွင်တိုင်းမ်၏ သတင်းထုတ်လွှင့်မှု တပတ်ပြည့်မြောက်သော နေ့လည်းဖြစ်သည်။ စစ်အုပ်စု၏ အကြမ်းဖက်ရှာဖွေမှုများထဲမှ သံလွင်တိုင်းမ်သတင်းဌာနသည် နည်းလမ်းအမျိုးမျိုးဖြင့် စာဖတ်ပရိတ်သတ်များ၏ သိပိုင်ခွင့်အတွက် အလုပ်လုပ်သည်ဖြစ်ရာ ယခုရေဒီယိုသံလွင်တိုင်းမ် အစီအစဉ်သည်လည်း သောတရှင်များအတွက် အခက်အခဲကြားထဲမှ ထပ်မံတင်ဆက်လိုက်သည့် ထုတ်ကုန်တခုဖြစ်ပါသည်။ လက်ရှိတွင် Online Radio အဖြစ် စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကာ…

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ကာကွယ်သူနှစ်ဦး နိုဗယ်ငြိမ်းချမ်းရေးဆုရ

နော်ဝေ၊ အောက်တိုဘာ ၈ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ကာကွယ်သူနှစ်ဦးဖြစ်သည့် ဖိလစ်ပိုင်မှ မစ္စမာရီယာ ရက်ဆာနှင့် ရုရှားမှ မစ္စတာမူရာတော့ပ်တို့တို့ ယခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ကြောင်း နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က ကြေငြာလိုက်ပါတယ်။ ယင်းတို့နှစ်ဦးသည် ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခြင်းအတွက် ကြုံတွေ့နေရတော့ ဆိုးရွားမှုတွေကို ကာကွယ်ပေးဖို့ ရပ်တည်သည့် တကမ္ဘာလုံးက သတင်းသမားများအားလုံးအတွက် ကိုယ်စားပြုကြောင်းလည်း ဖော်ပြခဲ့သည်။ မစ္စမာရီယာရက်ဆာသည် ဖိလစ်ပိုင်နိုင်ငံ အာဏာပိုင်များ၏ အာဏာရှင်ဆန်စွာလုပ်ဆောင်မှု၊…

ကိုဗစ်တတိယလှိုင်းအတွင်း မွန်မှာ ကူးစက်ခံရသူ (၁၅၀၀၀)ကျော် ရှိ

မော်လမြိုင် ၊ အောက်တိုဘာ (၈) မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ထိ ရှိလာပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၃၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ဆေးရုံတက်ရောက်ကုသသူ စာရင်းသာဖြစ်တဲ့အတွက်ကြောင့် မြေပြင်အခြေအနေမှာ ဒီထက်အများကြီး ပိုနိုင်ပါတယ်။ မွန်ပြည်နယ် ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ အောက်တိုဘာလကစပြီး…

တရုတ်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ပြည်ပငါးတင်ပို့မှု အခက်တွေ့

မော်လမြိုင် ၊ အောက်တိုဘာ (၈) တရုတ်ဘက်က တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ငါးတင်ပို့မှု အားလုံးနီးပါး ရပ်ဆိုင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဘက်က ငါးတင်ပို့ရာမှာ ငါးတွေကို ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးဖို့နဲ့ ငါးလုပ်ငန်း လုပ်ကိုင်သူ အားလုံး ကိုဗစ် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ်ဆေးထိုးပြီးရင်လည်း ၂ ပတ် တစ်ကြိမ် ရောဂါ…

ကိုဗစ်ကြောင့်အသက်ဆုံးရှုံးခြင်းအတွက် အိန္ဒိယရှိပြည်နယ်အုပ်ချုပ်ရေးမှူးများ လျော်ကြေးပေးရမည်

နယူးဒေလီ၊ အောက်တိုဘာ ၆ အိန္ဒိယနိုင်ငံ၏ ပြည်နယ်အာဏာပိုင်များမှ ကိုဗစ် ၁၉ ရောဂါကြောင့်ဖြစ်ပေါ်ရသော အသက်ဆုံးပါးမှုဖြစ်စဥ်တစ်ခုစီအတွက် လျော်ကြေးငွေ ရူပီး ၅၀,၀၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးရမည်ဖြစ်ပြီး ၎င်းသည် ကျန်ရှိသော မိသားစုဝင်များ၏ ဆုံးရှုံးနစ်နာမှုများကို ဖြေရှင်းကူညီနိုင်ရန်အတွက် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံး ရုံးတော်မှ အမိန့်ထုတ်ပြန်ထားပါသည်။ အိန္ဒိယနိုင်ငံသည် သေဆုံးမှုနှုန်း ၄၄၉,၂၆၀ ဦးထိရှိပြီး…